❝ 𝐃𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 ကြောင့် လမ်းတွေပျောက် စိတ်တွေရှုပ်ပြီး မွန်းကြပ်နေတာတွေ သက်သာဖို့ 𝐒𝐞𝐯𝐞𝐧 𝐂𝐡𝐚𝐤𝐫𝐚 𝐇𝐞𝐚𝐥𝐢𝐧𝐠 ကုထုံးလေးနဲ့ ကုကြည့်ပါနော် ❞
🍁 စိတ်တွေရှုပ်ထွေးပြီး ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေ။
🍁 စိတ်ဖိစီးမှုများ စိုးရိမ်ပူပန်မှုများကို ကောင်းကောင်း ကိုင်တွယ်လိုသူတွေ။
🍁 စိတ်ဒဏ်ရာတွေနဲ့ အခြေအနေဆိုးက ရုန်းထွက်ချင်သူတွေ။
🍁 ကိုယ်တိုင်တောင် သတိမထားမိတဲ့ မိမိစိတ်ကို ပြန်ကုစားဖို့ လိုအပ်နေသူတွေ။
🍁 မိမိပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့အဖျက်စွမ်းအားတွေကို ဖယ်ရှားပစ်ချင်သူတွေ။
🍁 စိတ်မှာဖြစ်နေတဲ့ အပိတ်အဆို့ အဟန့်အတားတွေကို ရှင်းပစ်လိုသူတွေ။
🍁အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းလာစေချင်သူတွေ။
🍁 မိမိစိတ်ကို ကိုယ့်ကိုယ်ကို နက်နက်ရှိုင်းရှိုင်း ပိုနားလည်ချင်သူတွေ။
🍁 မိမိစိတ်ကို ဒီထက်ပိုကြံ့ခိုင် သန်စွမ်းလာချင်သူတွေ။
🍁 စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု အေးချမ်းမှုတွေကို ပိုလိုချင်သူတွေ။
🍁 ကိုယ့်စိတ်ရဲ့ စွမ်းအားထက်မှုကို ယုံကြည်ပြီး ပိုတိုးတက်လာချင်သူတွေ။
🍁 ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အကူအညီရလိုသူတွေ။
🍁 မိမိရဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းကို ပိုအားကောင်းလာချင်သူတွေ။
☝️ ဒီလိုလူတွေ ❼ 𝗖𝗛𝗔𝗞𝗥𝗔 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐁𝐫𝐚𝐜𝐞𝐥𝐞𝐭 လက်ပတ်လေးကို တစ်ခုလောက်တော့ ဆောင်ကိုဆောင်ထားသင့်ပါတယ်ရှင်!🧘♂️ ❼ 𝗖𝗛𝗔𝗞𝗥𝗔 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐁𝐫𝐚𝐜𝐞𝐥𝐞𝐭 အကြောင်းအကျဉ်း❓
🍁 𝗖𝗵𝗮𝗸𝗿𝗮 ဆိုတာ ဘာမှန်းမသိသေးတဲ့ လူတွေအတွက် 𝗖𝗵𝗮𝗸𝗿𝗮 ဆိုတာ ဘာလဲဆိုတာနဲ့ 𝗖𝗵𝗮𝗸𝗿𝗮 တစ်ခုခြင်းစီရဲ့ အကျိုးသက်ရောက်မှု အာနိသင်တွေကို အနဲငယ် ရှင်းပြပါရစေရှင်။
🍁 𝗖𝗵𝗮𝗸𝗿𝗮 ဆိုတဲ့ စကားဟာ သက္ကရိုက်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်အောင်ပြောရရင်တော့ ခန္ဓာကိုယ်အတွင်းမှာ အပြန်အလှန် လှည့်ပတ် စီးဆင်းနေတဲ့ စွမ်းအင်စက်ဝိုင်း စက်ဝန်းဗဟိုချက်တစ်ခုလို့ ပြောလို့ရပါတယ်။🍁 𝗖𝗵𝗮𝗸𝗿𝗮 ဗဟိုချက်တစ်ခုခြင်းစီမှာ တစ်ခုနဲ့တစ်ခုမတူညီတဲ့ စွမ်းအင်တွေ ရှိကြပြီး ဒီစွမ်းအင်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဟန်ချက်ညီညီ ချိန်ညှိဖို့အတွက် အထောက်အကူပြုကြပါတယ်။
🍁 𝗖𝗵𝗮𝗸𝗿𝗮 တွေဟာ အကြမ်းဖျဉ်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ပင်မစွမ်းအင်တွေ စီးဆင်းရာလမ်းကြောင်းတွေ ဆုံကြတဲ့ ဗဟိုဆုံချက်နေရာတွေမှာ အဓိက တည်ရှိကြပါတယ်။
🍁 လူ့ခန္ဓာကိုယ်မှာ အဓိက စွမ်းအင်အရင်းအမြစ် စီးဆင်းရာ နေရာ (၇) ခု ရှိပြီး အဲဒါကိုပဲ ❼ 𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗸𝗿𝗮 လိုခေါ်တာပါ။
🍁 ❼ 𝗖𝗛𝗔𝗞𝗥𝗔 လက်ပတ်လေးကို ဝတ်တဲ့အခါ မိမိရဲ့ ဘယ်ဖက်လက်မှာ ဝတ်ဆင်ပေးရပါမယ်။ မိမိရဲ့ ဘယ်ဖက်လက်မှာ ဝတ်ဆင်တာက မမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို မိမိထံစုပ်ယူပေးပါလိမ့်မယ်။
🍁 ❼ 𝗖𝗛𝗔𝗞𝗥𝗔 လက်ပတ်လေးကို မိမိအိပ်ချိန်မှာလဲ ဝတ်ဆင်လို့ရကြောင်း ဝတ်ဆင်ထားသင့်ကြောင်း အကြံပေးထားပါတယ်။ 🟣 𝐂𝐑𝐎𝐖𝐍 𝐂𝐡𝐚𝐤𝐫𝐚🧘♂️ 🧘♀️
🍀 မိမိမှာ 𝗖𝗿𝗼𝘄𝗻 𝗖𝗵𝗮𝗸𝗿𝗮 အားနည်းနေရင်!
⁉️ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေမယ်။
⁉️ စိတ်ငြိမ်အောင် ဘလိုကြိုးစား ကြိုးစားအခက်အခဲရှိနေမယ်။
⁉️ အကြောင်းအရင်း ထူးထူးခြားခြားမရှိပဲ စိတ်ဓာတ်ကျနေမယ်။
⁉️ ဘာကိုမှသိတ်မဝင်စား စိတ်ပါဝင်စားမှုအားနည်းနေမယ်။⁉️ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ဝေးကွာနေတယ်လို့ ခံစားရမယ်။
✨ 𝗖𝗿𝗼𝘄𝗻 𝗖𝗵𝗮𝗸𝗿𝗮 အတွက်ဆိုရင်တော့ 𝗛𝗢𝗪𝗟𝗜𝗧𝗘 ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။ ✨
🍀 𝗛𝗢𝗪𝗟𝗜𝗧𝗘 ကို ဆောင်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ စိတ်ဝိဉာဉ်နဲ့သက်ဆိုင်တာတွေ ဉာဏ်ပညာ အမျှော်အမြင်အရာမှာ အားကောင်းစေခြင်း စိတ်ကြည်လင် လန်းဆန်းစေခြင်းတွေ စတဲ့ အကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။
🍀 𝗖𝗿𝗼𝘄𝗻 𝗖𝗵𝗮𝗸𝗿𝗮 ကို 𝗦𝗮𝗵𝗮𝘀𝗿𝗮𝗿𝗮 လို့လည်း ခေါ်ကြပါသေးတယ်။
🍀 𝗖𝗿𝗼𝘄𝗻 𝗖𝗵𝗮𝗸𝗿𝗮𝘀 က 𝐓𝐡𝐨𝐮𝐠𝐡𝐭 & 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹𝗶𝘁𝘆 ကို ကိုယ်စားပြုပါတယ်။ 𝗖𝗿𝗼𝘄𝗻 𝗖𝗵𝗮𝗸𝗿𝗮 ရဲ့ စွမ်းအားတွေဟာ မိမိဦးခေါင်းရဲ့ ထိပ်တည့်တည့်မှာ တည်ရှိပါတယ်။