အိမ်ရှင်မတို့အတွက် ဘိတ်ချဉ်ပြုလုပ်နည်း 💕

💎 ဘိတ်ချဉ် 💎
****************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့်
👉 အားလုံးရောပီး စိမ်ထားရုံပါပဲ။

အချိုးအစားကတော့ ပုံပါအတိုင်းပါပဲ။

ဟင်းခပ်မှုန့် ကတော့ မိမိအကြိုက် အနည်း အများ ထည့်ပါ။

ကျမက ဘိတ်ချဉ်ဆို အရမ်းကြိုက်ပါတယ်။

ဒါကြောင့် အိမ်မှာ အဆင်သင့် အမြဲလုပ်ထားပါတယ်။

ထမင်းပေါင်း,ထမင်းကြော်,ကြာဇံကြော်,ကြက်ကင်
ဘာပဲလုပ်စားစား ဘိတ်ချဉ်ရှိတော့ အဆင်သင့်စားရုံပါပဲ။

Hot Pot နဲ့ စားရင်တော့ ခုစိမ်ထားတဲ့ ဘိတ်ချဉ်ထဲကို
သကြား ထပ်ထည့်ပီး စားပါတယ်။

အရောင်ပါတဲ့ အချဉ်တွေထက် ဘိတ်ချဉ်ကို ပိုကြိုက်ပါတယ်။

ကော်ဗူးက ကြာရင် ကော်နံ့ထွက်တတ်တာမို့
ပုလင်းနဲ့စိမ်တာက ပိုကောင်းပါတယ်။

ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို
အရသာစိမ့်ဝင်နေပြီး ပိုစားကောင်းပါတယ်။

ကင်းမွန် ငံပြာရည်ထည့်ထည့် ဗမာငံပြာရည်ထည့်လည်း ရပါတယ်။

ရေမရောရပါဘူး။

image