လွယ်ကူလွန်းတဲ့ အရံဟင်းလျာ သရက်သီးခြောက်သနပ်
(1)သရက်သီးခြောက်များကို ထန်းလျက်အနည်းငယ် ရေအနည်းငယ်ဖြင့် ခမ်းသည်အထိပြုတ်ထားပေးပါ။
( သရက်သီးအစိမ်းကို ပါးပါးလှီးပြီး 5ရက်လောက်နေလှန်းပြီးထားပေးလျှင် သရက်သီးခြောက်ရပါသည် )
(2)စမုံစေ့ကိုထောင်းထားပေးပါ။ ( စမုံစေ့ နံနံစေ့ ဇီရာ မဆလာ တို့ပါဝင်အသုံးပြုပါမည် )
(3)ဆီကို ဆူနေသည်အထိတည်ထားပါ။ ဆီဆူလာပြီဆို အိုးကိုချလိုက်ပါ။ ထို့နောက်မှ ငရုတ်အစိမ်းမှုန့် ထောင်းထားသောစမုံစေ့ ဇီရာ နံနံစေ့ မဆလာတို့ကို ထည့်ပါ။ နောက်ဆုံးမှ ပြုတ်ထားသောသရက်သီးခြောက်နှင့် ဆားအနည်းငယ် ကိုထည့်ပြီး နှံစပ်အောင်မွှေပေးပါ။ အပေါ်မှ လှီးထားသောကြက်သွန်ဖြူလေးများ အုပ်ကာ သရက်သီးသနပ် ချိုချဉ်စပ်လေးအားသုံးဆောင်နိုင်ပါပြီ။ ( ဆီများများသုံးရန်လိုအပ်ပါသည် ဆီမြှပ်နေသည်အထိထားပါမှ မှိုတတ်ခြင်း ကင်းဝေးပါမည် )
#credit