ပုဇွန် ကင်မွန်းချဥ်အစပ်ကြော်နည်း
ချဥ်ချဥ်စပ်စပ်လေးနဲ့သူ့တမျိုးထဲလည်းထမင်းလေးနဲ့စားလို့ကောင်းပါတယ်
ကင်မွန်းရွက်တွေခြွေပြီးရေဆေးသန့်စင်ထားပါ
ပုဇွန်ကိုလည်းအဆင်သင့်ကိုင်ထားပါ
ချက်မဲ့အိုးထဲဆီထည့်ပြီး ဆီပူရင်နနွင်းလေးထည့်ပြီးကြက်သွန်နီတစ်လုံးကြက်သွန်ဖြူ တစ်လုံးပါးပါးလှီးပြီးထည့်ဆီသတ်ပါ
ကြက်သွန်တွေနွမ်းလာရင်အရောင်တင်မုန့်ထမင်းစားဇွန်းတဝက်လောက်ထည့်ပါ
ငပိစိမ်းစားလေးနည်းနည်းထည့်ပါ
ပြီးရင်ငရုတ်သီးအကြမ်းဖတ်ကိုအစပ်စားနိုင်သလောက်ထည့်ပါ
ရေဆေးသန့်စင်ကိုင်ထားပြီးသားပုစွန်လေးတွေထဲပါ
ပြီးရင်အရွက်ခြေပြီးသန့်စင်ထားတဲ့ကင်ပွန်းရွက်လေးတွေထည့်ပါ
အရသာအတွက် ကြက်သားမုန့် ဆားလိုသလိုထည့်ပါ
ခဏလောက်ဆီလေးပြန်အောင် ကြော်ပြီရင်ငရုတ်သီးစိမ်းလေထည့်ပါ
ပြီးရင်အရသာမြည်းပြီးရပါပြီရှင်
Crd