တစ်ခါတလေ အဘိုးက ဒူးနာလို့ လမ်းလျှောက်ရတာ အဆင်မပြေဘူး။ အဲ့ဒီအခါ အဘွားက စပါးလင် ၃-၅ ပင်ကို သွားခုတ်ပြီး နည်းနည်းထုချေ၊ ကြမ်းကြမ်းတမ်းတမ်းလှီးပြီး သန့်ရှင်းတဲ့ရေနဲ့ အိုးထဲထည့်ပြုတ်တယ်။ အိုးထဲက မွှေးကြိုင်တဲ့ ရနံ့နဲ့ အငွေ့တွေ ထွက်လာပြီး တစ်အိမ်လုံး မွှေးပျံ့စေတယ်။

အဘိုးက စပါးလင်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညနေတစ်ခွက် သောက်တယ်။ ချိုလည်းမချိုဘူး၊ ပြင်းလည်းမပြင်းဘူး၊ ဒါပေမဲ့ သောက်လိုက်ရင် ကိုယ်လက်ပေါ့ပါးပြီး လမ်းလျှောက်ရတာ ပိုကောင်းလာတယ်။ ဆီးလည်း ကောင်းကောင်းသွားတယ်။ ဆီးရွှင်ပြီး၊ ဆီးချုပ်တာ၊ ဆီးအောင့်တာမျိုး မရှိဘူး။ ဝမ်းလည်း မချုပ်ဘူး၊ ဗိုက်အောင့်တာလည်း သက်သာတယ်။ ထမင်းစားပြီး ဗိုက်အောင့်ရင်လည်း တစ်ခွက်လောက် သောက်လိုက်ရင် လေတွေထွက်ပြီး သက်သာသွားတယ်။

ကိုယ်လက်မအီမသာ ဖြစ်လာပြီးဆိုရင် အဘွားက ပူပူနွေးနွေး သောက်ခိုင်းပြီး စောင်ခြုံပေးထားတယ်။ ချွေးတွေထွက်ပြီး နိုးလာတဲ့အခါတိုင်း လန်းဆန်းသွားတယ်။ ညဘက် အိပ်မပျော်ဘူးဆိုရင် အဘိုးက စပါးလင်ပြုတ်ရည်ကို နွေးနွေးလေးလုပ်ပြီး အနံ့ကို ရှူရှိုက်လိုက်တာနဲ့ စိတ်တည်ငြိမ်ပြီး ကောင်းကောင်း အိပ်ပျော်သွားတယ်။

🌿 စပါးလင်ပြုတ်ရည်က ဘာတွေ ဘာကူညီပေးနိုင်လဲ...?
* အဆစ်အမြစ် နာကျ'င်တာ၊ ဒူးနာတာကို သက်သာစေတယ်။
လမ်းလျှောက်ရတာ ပိုသွက်လက်ပြီး အဆင်ပြေစေတယ်။
* ဆီးသွားတာကို ကူညီပေးတယ်။
ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို
ဖယ်ရှားပေးလို့ ကိုယ်လက်ပေါ့ပါးပြီး သက်သောင့်သက်
သာဖြစ်စေတယ်။
* ဗိုက်အောင့်တာ၊ လေပွတာကို လျှော့ချပေးတယ်။
အစာစားပြီးနောက် နွေးနွေးလေးသောက်ပေးရင် လေထိုး
လေအောင့်တာကို သက်သာစေတယ်။
* ဖျားနာတာကို လျှော့ချပေးတယ်။
ပူပူနွေးနွေး သောက်ပြီး ချွေးထုတ်လိုက်ရင် ကိုယ်လက်ပေါ့
ပါးစေပါတယ်။
* ကောင်းကောင်းအိပ်ပျော်စေတယ်။
မွှေးကြိုင်တဲ့ရနံ့က စိတ်ကိုတည်ငြိမ်စေပြီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
* သွေးပေါင်ချိန်ကို တည်ငြိမ်စေတယ်။
ပုံမှန်သောက်ရင် သွေးပေါင်ချိန် တက်တာ၊ ကျတာ မဖြစ်
အောင် ကူညီပေးတယ်။

စပါးလင်ပြုတ်နည်း.......။ (လွယ်ကူတဲ့ နည်းလမ်း)
* စပါးလင် (အစို) ၃-၅ ပင် (ထုချေ၊ အပိုင်းပိုင်းလှီးပါ)
* ရေသန့် ၁ လီတာ
* ဆွမ်းမွှေးရွက် ၂-၃ ရွက် (အနံ့ပိုမွှေးချင်ရင် ထည့်နိုင်သည်)
* အလယ်အလတ် မီးနဲ့ ၁၀-၁၅ မိနစ်ခန့် ပြုတ်ပါ။
ပြီးရင် အရည်ကို စစ်ယူပါ။

နွေးနွေးလေး သောက်နိုင်သလို၊ ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံပြီးလည်း သောက်သုံးနိုင်ပါတယ်။ တစ်နေ့ကို ၁-၂ ခွက် မနက်၊ ညနေ သို့မဟုတ် မအိပ်ခင် သောက်ပါ။

လမ်းလျှောက်ရတာ အဆင်မပြေသူတွေ၊ အိပ်မပျော်တက်တဲ့သူတွေ၊ ဗိုက်အောင့်တတ်သူတွေအတွက် စပါးလင်ပြုတ်ရည်လေး တစ်ခွက်ရှိရုံနဲ့ ဘဝက နည်းနည်း ပိုလွယ်ကူလာပါလိမ့်မယ်။

ဖြစ်နေပြီဆိုရင် ထပြီး ပြုတ်လိုက်ပါတော့.....။
လွယ်လွယ်လေးနဲ့ နေ့တိုင်း မွှေးမွှေးလေး သောက်နိုင်ပါတယ်။
မဖြစ်သေးဘူးဆိုပြီး ဖြစ်လာတဲ့အထိ မစောင့်ပါနဲ့......!!!

image