🌴မသိသူကျော်သွား သိသူဖော်စား
💐💐💐💐💐
အပင်အမည်ကတော့ နေရာအလိုက် နည်းနည်းကွဲပြားပါတယ်
#ခရာပင် ၊ ခယောင်းပင် ၊ ဆူးခရာ စသဖြင့် ဒေသအလိုက် ကွဲပြားပေမယ့် ဆေးစွမ်းနဲ့ အာနိသင်ကတော့
အမျိုးသားများ အတွက် အင်မတန်ကောင်းပါတယ်။ ခယောင်းလမ်းကို လျှောက်ရဲလား ဆိုတဲ့ အတိုင်း အပင်က ဆူးလေးတွေနဲ့ပါ။
#ဆေးစွမ်းများ...
✅အသဲခြောက် ခြင်းကို အတော်နိုင်ပါတယ်။
✅အသိမိတ်ဆွေတစ်ယောက် အရက်သောက်ပါတယ်။
✅ကျန်းမာရေးက ချို့တဲ့ လာတော့ ဆရာဝန်အဆင့်ဆင့်ပြ နောက်ဆုံး အသဲခြောက်နေပြီ ဆေးမနိုင်တော့တဲ့ အဆင့်ကိုရောက်လာခဲ့ပါတယ်။
✅ခြောက်လတောင်မခံတော့ဘူး ဖြစ်လာပါတယ်။ အဲ့ဒီမှာ တခြားမိတ်ဆွေတစ်ယောက်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရ
✅ပျောက်ကင်းဖူးတဲ့ အညွှန်းနဲ့ ခရာပင်(ခေါ်) ခယောင်းပင်
✅အမြစ် တွေပါမကျန် နည်းနည်းအခြောက်ခံပြီး ရေနွေးကြမ်းထဲ လက်ဖက်ခြောက်ခပ်သလိုထည့်ထည့် သောက် လာတာ
✅အခုဆို ခြောက်လခံမယ့်သူက နှစ်နှစ်ရှိပါပြီ အသားအရေကအစ ပြန်လည် လန်းနေပါပြီ။
✅နောက်တစ်ခုက ✅
✅အမျိုးသားများ အူကျ ဘောကျခြင်းပါ
✅အပင်ကို အမြစ်ပါမကျန် အခြောက်ခံ အမှုန့်ကြိတ် ပြီး အုန်းဆီနဲ့ ခပ်ပြစ်ပြစ်ဖျော် အပေါ်ကို ကျနေတဲ့ဘော ကို အပေါ်ကို သပ်သပ်တင်ပြီး လိမ်းပေး ပျောက်ကင်းပါတယ်။
✅အပင်က ဘယ်နေရာတွေမှာ ပေါက်သလည်းဆို လယ်ယာ မြေ စားကျတ်မြေ ၊ ကိုင်း၊ ကျွန်း၊ နေရာစုံ တွေ မှာ အလေ့ကျကို ပေါက်တာပါ။
✅အပွင့်လေးတွေကို အခြောက်ခံပြီး ရေနွေးကြမ်း လက်ဖက်ခြောက်လို မျိုးထည့်ထည့်သောက်ရင်လည်း အဆုတ်အားကောင်းစေပြီး အိပ်ပျော်စေပါတယ်။
တခြား အသုံးဝင်ပုံများ ရှိခဲ့မယ်ဆိုရင်လည်း ဝေမျှပေးခဲ့ပါအုံးနော်
#ကျန်းမာရေးအတွက်သဘာဝဆေးဘက်ဝင်အပင်များအကြောင်းမျှဝေပေးပါတယ်
Credit original writter