🗣တောင်ပေါ်ဒေသ လူမျိုးများ အလေးထားသုံးစွဲခဲ့တဲ့ အဖိုးတန် ဆေးဖက်ဝင် ချဉ်စော်ခါးသီး

(ချဉ်စော်ခါးသီး ရေနွေးစိမ်သောက်ခြင်းရဲ့ အံ့ဖွယ်အာနိသင်)
ဝက်ခြံပျောက်တယ် .. အဆီကျတယ်… ချဉ်စော်ခါးသီး
“ချဉ်စော်ခါးသီး အခြောက် ၃-ဖတ် လောက် ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲ စိမ်သောက်လို့ရကြောင်း၊ အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊ သို့သော် သံပုရာသီးလို အချဉ်မစူးကြောင်း၊ ချဉ်စော်ခါးသီးကလည်း အဆီချ-ကိုလက်စထေရော ကျစေကြောင်း၊ ဝက်ခြံပျောက်စေကြောင်း...

သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာမှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊ ဒါကြောင့် အသိမိတ်ဆွေတွေထဲမှာ ဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီး ရေးနွေးစိမ် သောက်သင့်ပါတယ်။ တောင်ပေါ်ဒေသ လူမျိုးများ၏ ရေလဲသုံးသော အဖိုးတန် ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။
အသီးရင့်မှည့်လာပါက ပါးလွှာသော အခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါတယ်။ ရေဖြင့် စင်ကြယ်စွာ ဆေးကြောပြီးတဲ့အခါ ဓါးဖြင့် ပါးလွှာစွာ လှီးဖြတ်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်) သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။ (ချင်းပါးပါး လှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်)

နောက်တစ်နေ့မှာ တစ်ပြားမှ နှစ်ပြား တစ်နေ့ (၃)ကြိမ်မျှ စားပေးခြင်းဖြင့်-
(က) လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်။
(ခ) အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ အသံကိုကြည်လင်စေပါတယ်။
(ဂ) သွေးတိုးသောသူများ၊ နှလုံးအဆီပိတ်သူများ၊ အဆီများသူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုရုံသာမက သက်ရှည်ကျန်းမာစေပါတယ်။
(ဃ) တိုင်းရင်းဆေးပညာအလိုအရ တေဇောဓာတ်၊ ပထဝီဓာတ်နှင့် အာပေါဓာတ်ကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်တာကြောင့် အာယုဝဃုန သက်ရှည်ကျန်းမာစေသော အသီးဖြစ်ပါတယ်
ရှေးသမားတော်ကြီးများ၏ အဆိုအရ-
(က) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ ဝက်သားဖြင့် ချက်စားခြင်းဖြင့် ဝက်သားနှင့် မတည့်သောသူများအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။
(ခ) ငဒန်၊ ငမြင်းစာသော အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါတယ်။
(ဂ) ကြက်၊ ဘဲ များဖြင့် ချက်စားလျှင်လည်း လွန်စွာ အရသာရှိလှပါတယ်။

Credit original writter

image