7 w - Translate

battery ကြီးပြီး လိုင်းဆွဲအားမြင့်တဲ့ Huawei Nova Y63
ကြာရှည်အသုံးခံ 6000mAh ဘက်ထရီသုံး တန်ဖိုးသင့် Huawei Nova Y63 ဖုန်း ပြည်တွင်းဈေးကွက်ထဲ ဝင်လာပါတယ်။
Huawei Nova Y63 က ၆.၇၅ လက်မ 90Hz display နဲ့ လာပြီး ဈေးနှုန်း ၅၇၉၀၀၀ ကျပ်နဲ့ ဝင်ပါတယ်။ screen ကြီးကြီး ဘက်ထရီကြီးကြီး ဈေးတန်ပြီး လိုင်းဆွဲအားကောင်းရမယ် ဆိုသူတွေ အကြိုက်ဖုန်းမျိုးပါ။
ကင်မရာအနေနဲ့ 50MP+2MP နှစ်လုံးသုံးပြီး CiCi AI Assistant နဲ့ AI အလွယ်တကူ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Google apps တွေလည်း Huawei AppGallery ကနေ တိုက်ရိုက် သုံးနိုင်ပါလိမ့်မယ်။
Huawei Nova Y63 ကို အနက် ၊ ငွေရောင် နှစ်မျိုး ထွက်ပြီး ပြည်တွင်းက ဖုန်းဆိုင်နဲ့ Huawei Showroom တွေမှာ ဇူလိုင် ၉ ရက်ကနေ ၁၃ ရက်အတွင်း ဝယ်သူတွေအတွက် ကျပ် ၄ သောင်းတန် Bluetooth နားကြပ်လက်ဆောင်လည်း ပေးသွားမယ်လို့ ဆိုပါတယ်။

image