7 ပတ် - ဘာသာပြန်ပါ။

ယခုပညာသင်နှစ်တွင် လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

လွိုင်ကော်တက္ကသိုလ်ကို ယခုပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်လ (၉)ရက်တွင် တက္ကသိုလ်ပြုပြင်မွမ်းမံမှုကိုသွားရော က်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် အဆောက်အအုံများ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရန် အလေးထားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့များကလည်း စစ်ဆေးမှုများကို မပြတ်ပြုလုပ်ပြီး အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် က ပြောသည်။

လွိုင်ကော်တက္ကသိုလ် ပင်မသုံးထပ်ဆောင်၊ ပင်မဆောင်အဆောက်အအုံရှိ ကျောင်းသားရေးရာဌာန၊ စုပေါင်းခန်းမ၊ အစည်းအဝေးခန်းမများနှင့် စာသင်ခန်းအစရှိသည်တို့ကို ပြန်လည်ပြုပြင်မွမ်းမံနေသလို ဓာတုဗေဒဌာန၊ သတ္တဗေဒဌာနရုံးခန်း၊ စာသင်ခန်းများ၊ ကယားချယ်ရီနှင့် ကယားသဇင် ကျောင်းသူအိပ်ဆောင်၊ သန့်စင်ခန်းများနှင့် ထမင်း စားခန်းမ အစရှိသည်တို့ကို ပြုပြင်မွမ်းမံနေကြောင်း သိရသည်။

imageimage