အချစ်ဆိုတဲ့ သဘောဟာ ဆန်းတယ်... နိုင်
ရိုးရိုးအချစ်သဘောကပဲ ဆန်းလှပြီ
မေတ္တာကဲလွှမ်းတဲ့ အချစ်သဘောက
ပိုင်ဆိုင်လိုမှု ကင်းတာမို့ ပိုဆန်းတယ်...
သူ့ရခြင်းအတွက် ကိုယ့် မရခြင်းကို ပမာမပြုဘဲ
ပျော်ပျော်ကြီးမဟုတ်တောင် ဘ၀မှာ
ဆောက်တည်ရာမိမိ အဓိပ္ပါယ်ရှိရှိနဲ့
သက်သက်သာသာလေး နေနိုင်သွားရမယ် ...
ဆိတ်သုဉ်းခြင်းကို
သတိပြုမိနေဆဲမှာပင်
လွတ်လပ်မှုတစ်မျိုးကိုလဲ
ခံစားနေရသလိုပေပဲ....
ဘဝမှာတကိုယ်တည်းနေနိုင်သူဟာ
နှလုံးသားပျော်မွေ့ဖို့
ကျက်စားစရာနယ်မြေတစ်ခုခုရှိရတယ်....တဲ့
သြော်...
တွယ်တာမိသောအရာတွေက
ဘယ်လောက်ခိုင်မြဲပါသလဲ..?
ဟော့ဒီ ကောင်းကင်ကြီး
ဟော့ဒီ လွင်ပြင်ကျယ်
ဟော့ဒီ တောင်တန်းကြီးများ
အဲ့သည်ဟာတွေလောက်
ခိုင်မြဲပါသလား?
မတားသာပါ...
သွားမှာကို ဘယ်သူ တားနိုင်လိမ့်
သနားကာ ထားချန်ဖြစ်တယ်ထင့်
ကျန်ရစ်မြေ နွေမဆိတ်ပါလား
နိမိတ်ပုံ တသီတတန်းရယ်နှင့်
စိတ်ဝိညာဉ် ပန်းချီခန်းမှာ
(နွေဦးရေ) လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်
