ချစ်ရခြင်းအားဖြင့် dignity ကျရတယ်ဆိုရင်
အဲဒီအချစ်မျိုးပေးဖို့ မတန်ဘူးလို့ ယူဆတယ် ။ လူတွေ စိတ်နှလုံးမသာမယာနဲ့ တစ်သက်လုံး နေသွားရတာ ဘာကြောင့်လဲသိလား ။ ကိုယ်ကိုယ်တိုင်က ချို့တဲ့နေလို့ပါ ။ ကိုယ်က ရယူချင်တဲ့နေရာက နေလို့ပါ ။
ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းဖို့ဆိုတာ လက်လွှတ်လိုက်ရမယ် ဆိုရင်တောင် ဆုံးရှုံးတယ်လို့ မခံစားရတဲ့ထိ တည်ငြိမ်တဲ့ကိုယ်ရည်ကိုယ်သွေး ကိုယ့်မှာ ရှိရပါတယ် ။ ကိုယ်ကသာ တန်ဖိုးရှိတဲ့ဘဝကို နေထိုင်ပြီး ချစ်ခြင်းမေတ္တာအပေါ် ဂုဏ်သိက္ခာနဲ့ အကောင်းတရားသာ ဖြစ်ထွန်းပါစေ ။ ချစ်မေတ္တာတွေ ဝိုင်းဝိုင်းလည်လို့ဆိုတာ ဖြစ်ချင်လည်း ဖြစ်မယ် ။ ဒါမှမဟုတ် အဲဒါတွေ ရခြင်း မရခြင်း အပေါ်ဘယ်လိုမှ မနေတော့တာလည်း ဖြစ်ချင်ဖြစ်မယ် ။ အဲဒီတော့ နောက်ထပ် ဘာလိုသေးလို့လဲ ။
တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတယ်ဆိုတာ သူလည်း သူစိတ်သူ ချမ်းသာအောင် ထားနိုင်တယ် ။ ကိုယ်လည်း ကိုယ့်စိတ်ကိုယ် ချမ်းသာအောင် ထားနိုင်တယ် ။ အဲလိုလူနှစ်ယောက် ချစ်ကြတယ်ဆိုရင် အဲဒါ တကယ်ချစ်ကြတာလို့ ပြောလို့ရမယ် ။ ဉာဏ်ပညာတွေ ဆည်းပူးရရှိဖို့၊ အလှတရားကို ခံစားနိုင်ဖို့၊ စိတ်ဓာတ် ရင့်ကျက်ဖို့ ၊ ချစ်စရာတွေကို ဆက်လက်ချစ်နိုင်ဖို့ ကိုယ့်အတွက် အလေးအမြတ်ထားစရာဆိုလို့ ဒီအသည်းလေး တစ်ခု ရှိတာ
ရူးကြောင်မူးကြောင်အဖြစ်နဲ့တော့ အကွဲမခံနိုင်ပါဘူးကွယ်။ မတန်ပါဘူး။
