7 ပတ် - ဘာသာပြန်ပါ။

အမှတ်တမဲ့ကြည့်လိုက်ရင် အနုပညာလက်ရာတစ်ခုလို့ ထင်ရပေမဲ့ ဒါဟာ တကယ်တော့ ရေသန့်ဘူးတစ်ဘူးရဲ့ ပုံဖြစ်ပါတယ် Acqua di Cristallo Tributo a Modigliani လို့ အမည်ရတဲ့ ဒီရေသန့်ဘူးဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရေသန့်ဘူးအဖြစ် စံချိန်တင်ထားပြီး ၇၅၀ ml တစ်ဘူးကို ဒေါ်လာ ၆၀,၀၀၀ တန်ဖိုးရှိပါတယ် ဒီလို ဈေးကြီးရတာက ရေကြောင့် မဟုတ်ဘဲ ၂၄ ကာရက် ရှိတဲ့ ရွှေ ရယ် အကောင်းစားသားရေနဲ့ပြုလုပ်ထားတဲ့ ရေဘူးခွံကြောင့်ဖြစ်ပါတယ်

ဒါဟာ ရေသောက်ရုံသက်သက် မဟုတ်ဘဲ အလွန်ချမ်းသာကြွယ်ဝသူတွေအတွက် ဖက်ရှင်တစ်ခုလိုပါဘဲ ပန်းပုဆရာ Amedeo Modigliani ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဒီဘူးက အနှစ်အရသာထက် အသွင်အပြင်ကို ပိုဦးစားပေးထားပါတယ် ဒါဟာ မရှိမဖြစ်လိုအပ်တာနဲ့ ဇိမ်ခံပစ္စည်းကြားက ခြားနားချက်ကို ထည့်သွင်းထားကာ ရေလို ရိုးရှင်းတဲ့အရာတောင် ဇိမ်ခံပစ္စည်း ဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်

#knowledge #ဗဟုသုတ

image