ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းနိုင်ငံလေး Kiribati ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အနာဂတ်ကို ရင်ဆိုင်နေရပါတယ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ္ဘာပေါ်မှာ ပထမဦးဆုံး လုံးဝပျောက်ကွယ်သွားနိုင်တဲ့ နိုင်ငံ ဖြစ်လာနိုင်ပါတယ်
Kiribati နိုင်ငံရဲ့ မြေနိမ့်ကျွန်းငယ်လေးတွေဟာ ရေကြီးမှုဒဏ်ကို ခံစားနေရပြီးဖြစ်ပြီး ရာသီဥတုခန့်မှန်းချက်တွေအရ နောက်ဆယ်စုနှစ်အနည်းငယ်အတွင်း နိုင်ငံရဲ့ အစိတ်အပိုင်းအတော်များများ ရေအောက်ရောက်သွားနိုင်ပါတယ်
အခုဆို အစိုးရဟာ ဘေးအန္တရာယ်ကျရောက်ဖို့ကို စောင့်မနေဘဲ သူတို့ရဲ့ နိုင်ငံသားတွေကို တစ်ခြားနေရာဆီ အပြီးအပိုင် ပြောင်းရွှေ့ဖို့ စီစဉ်နေပြီးဖြစ်ပါတယ်
#knowledge #ဗဟုသုတ
