16 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားနိုင်ငံ ပူဒူး၊ ချက်စ်ရက်၊ ချောင်ကစ် သုံးနေရာတွင် မြန်မာအပါအဝင် တရားမဝင် လုပ်သား ၆ဝ ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ပူဒူး၊ ချက်စ်ရက်၊ ချောင်ကစ် သုံးနေရာတွင် ဇူလိုင် ၈ ရက်နံနက်ပိုင်းက မြန်မာအပါအဝင် တရားမဝင်လုပ်သား ၆ဝ ဖမ်းဆီးခံခဲ့ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မလေးရှားနိုင်ငံ ပူဒူး၊ ချက်စ်ရက်၊ ချောင်ကစ် သုံးနေရာတွင် မလေးရှားအာဏာပိုင်များက တရားမဝင်လုပ်သားများကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဆိုပါဖမ်းဆီးမှုအတွင်း မြန်မာအပါအဝင် တရားမဝင်လုပ်သား ၆ဝ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရမိသူများတွင် မြန်မာနိုင်ငံသား ၁၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦး၊ အိန္ဒိယနိုင်ငံသား ၃၇ ဦး၊ ပါကစ္စတန်တစ်ဦး ပါဝင်နေပြီး အဖမ်းခံရသူများအား ဆက်လက်စစ်ဆေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဘူကစ်ဂျာလီကန့်တွင်ထိန်းသိမ်းထားကြောင်း သိရသည်။

image