16 w - Translate

တောင်ငူမြို့တွင် မိုးသည်းထန်မှုကြောင့် လမ်းအချို့ ရေနစ်မြှုပ်

တောင်ငူမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် လ မ်းအချို့ရေနစ်မြှုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

တောင်ငူမြို့အတွင်း ခပေါင်းချောင်းအတွင်းသို့ စီးဝင်သည့် ရေနှုတ်မြောင်းအချို့ ပိတ်ဆို့နေပြီး မိုးရက်ဆက်ရွာသွန်းနေသည့်အတွက် လမ်းအချို့တွင် ရေတင်ကျန်သည့်အခြေအ နေဖြစ်ပွားနေခြင်းဖြစ်‌ကြောင်း သိရည်။

ခပေါင်းချောင်းအတွင်း စီးဝင်သော စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် (၆၀၀)စင်တီမီတာ သတ်မှတ်ထားသော်လည်း လက်ရှိတွင် (၃၀၀) စင်တီမီတာအကျော်တွင်သာ ရှိနေသဖြင့် မြစ်ရေကြီးမြင့်သည်ဟု ပြော၍ မရကြောင်း ဆိုသည်။

လတ်တလော အခြေအနေအရ ခပေါင်းချောင်းရေသည် မြ စ်ကမ်းနဖူးဖြင့် လယ်ဗယ်ညီ အနေအထားတွင်သာရှိနေပြီး မိုးရွာသွန်းသော ရေများသည် ချောင်းကျဉ်းသည့်အတွက် စစ်တောင်းမြစ်ထဲသို့ စီးဝင်မှုနှေးနေကြောင်းလည်း သိရသ ည်။

ရပ်ကွက်အချို့နှင့် လမ်းအချို့ရေတင်နေမှုကိုလည်း ဒေသတွင်း ပရဟိတအဖွဲ့များက ရေစီးရေလာ ကောင်းစေရေး၊ ရေတင်မကျန်ရေးအတွက် တစ်ပိုင်တနိုင်လုပ်ဆောင်လျ က်‌ရှိကြောင်း သိရသည်။

image