16 ပတ် - ဘာသာပြန်ပါ။

မာလာဆောင်ရှေ့လမ်းလယ်ဓာတ်တိုင်ကို ကားဖြင့်ဝင်တို-က်မိရာမှ ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ မာလာဆောင်ရှေ့လမ်းလယ်ဓာတ်တိုင်အား ကားတစ်စီးမှဝင်တိုက်မိခဲ့မှု ယနေ့ ဇူလိုင် ၉ ရက်ညနေ ၅ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိအသင်းထံမှ သိရသည်။

ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မာလာဆောင်ရှေ့အရောက် လမ်းလယ်ရှိလျှပ်စစ်ဓာတ်အားလိုင်းတိုင်အား ကားခေါင်းဖြင့်ဝင်တိုက်မိခဲ့ကာ ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ Hydraulic Rescue Tool အသုံးပြု၍ကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်ပေးခဲ့ကြပြီးနောက် ကားမောင်းသူတွင် ထိခို-က်ဒဏ်ရာများရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image