ကန်စွန်းဥ ကြွပ်ကြွပ်ကြော်နည်း (ပါဝင်ပစ္စည်း ၄ မျိုးနဲ့သာ)
ပါဝင်ပစ္စည်းများ.........
* ကန်စွန်းဥ ၇၅၀ ဂရမ်
* အကြော်မှုန့် ၁ ခွက်
* ဆန်မှုန့် ၁ ခွက်
* ကြော်ရန် ဆီ
ပြုလုပ်နည်း.........
၁) ကန်စွန်းဥများကို အခွံနွှာပြီး သေချာစွာဆေးကြောပါ။ ဘာလို့လဲဆိုတော့ လှီးပြီးရင် ထပ်ဆေးစရာမလိုတော့ပါဘူး။ ဓာတ်ပုံမှာပြထားတဲ့အတိုင်း ခန့်ပါးပါးလှီးပါ။ အခွံနွှာပြီးမှ အလေးချိန်တိုင်းပါ။ အခွံနဲ့တွဲမတိုင်းပါနဲ့။ လှီးပြီးရင် ထပ်မဆေးပါနဲ့။ ကန်စွန်းဥတွေ နည်းနည်းခြောက်နေဖို့လိုပါတယ်။
၂) ကြွပ်ကြွပ်ကြော်မှုန့်ထည့်ပြီး သေချာရောမွှေပေးပါ။
၃) ပြီးရင် ဆန်မှုန့်ထည့်ပြီး ထပ်ရောမွှေပါ။
၄) အပူအလယ်အလတ်နဲ့ ကြွပ်ရွလာတဲ့အထိ ကြော်ပါ။
အကြံပြုချက်........
- ကန်စွန်းဥတွေကို အရမ်းပါးပါးလှီးနိုင်လေ ပိုကြွပ်ရွလေပါ။
- တစ်ခါကြော်ရင် အများကြီးမထည့်မကြော်ပါနဲ့။
တစ်လွှာချင်းစီကြော်ပါက ပိုအဆင်ပြေပါတယ်။
- ကြော်ပြီးရင် စက္ကူတွေနဲ့ ဆီစုပ်ပေးပါက ပိုကြွပ်ပါတယ်။
ကြွပ်ကြွပ်လေးနဲ့ အရသာရှိတဲ့ ကန်စွန်းဥကြော်လေးကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် စားသုံးနိုင်ပါစေ.........!