မေ့ပစ်ဖို့ ကြိုးစားရင်း
တကယ်
မေ့သွားရင်ဘယ်လို လုပ်မလဲ လို့ တွေးမိတယ်  ။

အမှတ်တရတွေကို မမှတ်မိတော့ရင်
ထိုင်ဖူးတဲ့နေရာဟောင်းတွေကို မေ့သွားရင်
မင်းကြိုက်တတ်တဲ့အရာတွေ သတိမရတော့ရင်
မင်းအပြုံးတွေကို အလွတ်မရတော့ရင်
မင်းခြေသံတွေကို နားမစွင့်တတ်တော့ရင်
မင်းပါးချိုင့်လေးကို မလွမ်းတတ်တော့ရင်
မင်းကြင်နာမှုတွေကို မလိုအပ်တော့ရင်

ကြောက်စရာပဲ
တကယ် ကြောက်စရာပါပဲ ။