7 ပတ် - ဘာသာပြန်ပါ။

ကိုယ်ဘယ်လောက်အထိ ရှင်သန်နိုင်လဲ
မသေချာတော့တဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေဆဲအချိန်တွေဟာ သိပ်တန်ဖိုးကြီးနေတယ်။

ဒီလိုတန်ဖိုးကြီးလွန်းတဲ့ အချိန်တွေကို
မတည်ရှိသင့်တဲ့နေရာတွေမှာ မကုန်သင့်ပါဘူး။
မပတ်သက်သင့်တဲ့လူတွေနဲ့ မကုန်သင့်ပါဘူး။

နေရာတစ်ခုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ်၊
သူတို့ဟာ ကိုယ့်အပေါ်
ချစ်ခြင်းမေတ္တာတွေ မပေးနိုင်ဘူး …
ပျော်ရွှင်အေးချမ်းမှုတွေ မပေးနိုင်ဘူး …
Positive Energy တွေ မပေးနိုင်ဘူး … ဆိုရင်
အဲ့ဒီနေရာကနေ ထွက်ခွါလာရပါမယ်။
အဲ့ဒီလူကို စွန့်ခွါလာရပါမယ်။

လွယ်မှာတော့ မဟုတ်ပါဘူး။
အသားကျနေတဲ့ နေရာတစ်ခု ဆိုရင်
တွယ်တာနေမိတဲ့ လူတစ်ယောက် ဆိုရင်
ပိုတောင် မလွယ်ကူပါဘူး။

ဒါပေမယ့်လည်း စစ်ဆေးကြည့်ပါ။
ကိုယ်ဟာ အချစ်ခံရရဲ့လား ?
ပျော်ရွှင်နေရဲ့လား ?
အေးချမ်းနေရဲ့လား ?
အောင်မြင်နေရဲ့လား ?

တစ်ခုမှ မဖြစ်နေဘူးဆိုရင်တော့
နှလုံးသားကို ခဏတာ အနာကျင်ခံပြီး
ဦးနှောက်ရဲ့ အသိဉာဏ်နဲ့အတူ
အဲ့ဒီနေရာကနေ အပြီးတိုင် ထွက်ခွါလာရပါမယ်။
အဲ့ဒီလူကို အပြီးတိုင် စွန့်ခွါလာရပါမယ်။
အချိန်တွေ ထပ်မကုန်ပါစေနဲ့။

ကျွန်တော်တို့ဟာ အများကြီးပိုလို့ ထိုက်တန်ပါတယ်။
ပိုပြီး အချစ်ခံရဖို့ ထိုက်တန်ပါတယ်။
ပိုပြီး ပျော်ရွှင်အေးချမ်းဖို့ ထိုက်တန်ပါတယ်။
ပိုပြီး အောင်မြင်ဖို့ ထိုက်တန်ပါတယ်။
ဒါကြောင့် ရှင်သန်နေတဲ့ အချိန်ခဏမှာ
ပိုကောင်းတဲ့နေရာနဲ့ ပိုကောင်းတဲ့လူတွေဆီ
ကူးပြောင်းရမှာ ဖြစ်ပါတယ်။

အချိန်တွေ အများကြီး မရှိဘူးနော်။
မကောင်းတဲ့နေရာတစ်ခုကို ဖက်တွယ်မနေပါနဲ့။
မကောင်းတဲ့သူတစ်ယောက်ကို ဖက်တွယ်မနေပါနဲ့။

ကိုယ်သည်သာ ကိုယ့်ဘဝရဲ့ Idol ဖြစ်ပါတယ်။
ကိုယ်ဟာ အများကြီး ပိုထိုက်တန်တယ်ဆိုတာ သတိရရင်း
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ စတင်ကြိုးစားကြည့်ပါ။
ကိုယ့်ကိုယ်ကို ချစ်တတ်သွားပြီဆိုရင်
မကောင်းတဲ့နေရာနဲ့ လူတွေကို သိဖို့ ပိုလွယ်ကူလာပြီး
စွန့်လွှတ်ဖို့ဟာလည်း ပိုလွယ်ကူလာပါလိမ့်မယ်

image