7 ပတ် - ဘာသာပြန်ပါ။

ဒီဓာတ်ပုံကတော့ ကင်မရွန်းနိုင်ငံက Sanaga-Yong ချင်ပန်ဇီ ကယ်ဆယ်ရေးစခန်းမှာ ချင်ပန်ဇီတွေရဲ့ ဝမ်းနည်းဖွယ် စိတ်ခံစားမှု အခိုက်အတန့်တစ်ခုကိုရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်

နှစ်ပေါင်းများစွာ ကယ်ဆယ်ရေး ဂေဟာမှာ နေထိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ချင်ပန်ဇီမကြီး Dorothy ဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ် သူ့ကို ပြုစုစောင့်ရှောက်သူတွေက သူ့ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို တွန်းလှည်းနဲ့ အပြင်ကို သယ်ထုတ်သွားတဲ့အခါ တခြားချင်ပန်ဇီတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာ လာရောက် စုဝေးပြီးကြည့်နေခဲ့ကြပါတယ်

ချင်ပန်ဇီတွေရဲ့ ငြိမ်သက်စွာ ဝမ်းနည်းပူဆွေးမှုကိုတွေ့မြင်ရပြီး တစ်ချို့ ချင်ပန်ဇီတွေဆိုရင် တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်ထားတာကိုတောင် တွေ့ရပါတယ် ဒါဟာ သူတို့ကြားမှာရှိတဲ့ ဝမ်းနည်းပူဆွေးမှုနဲ့ စာနာမှုတွေဖြစ်ပြီး လူတွေလိုဘဲ မျှဝေခံစားတတ်ကြောင်းကို ဖော်ပြနေပါတယ်

#knowledge #ဗဟုသုတ #facts #whatthefacts

image