နာနတ်သီး + ပင်စိမ်းရွက်ဖျော်ရည်သည် သွေးဥမွှားနည်းသူများ၊ သွေးအားနည်းသူများ၊ မျက်နှာဖြူဖျော့သူများ၊ အသားအရေညစ်နွမ်း အသားအရေမစိုပြေသူများ၊ ကိုယ်လက်မအီမသာဖြစ်လွယ်သူများ၊ အလုပ်အရမ်းပင်ပန်းပြီး အနားယူချိန်နည်းသူများ၊ မူးဝေ သတိလစ်လွယ်သူများအတွက် ဤဖျော်ရည်ကို မှန်မှန်သောက်သုံးပေးပါက အထောက်အကူဖြစ်စေပါသည်။
ဆေးဖက်ဝင် အကျိုးကျေးဇူးများ........
- ဦးနှောက်သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း...။
- သွေးပျစ်ခြင်းကို သက်သာစေခြင်း...။
- သွေးတိုးကျစေခြင်း...။
- နှလုံးကို အားဖြည့်ပေးခြင်း...။
- သွေးနီဥဆဲလ်များ တိုးပွားစေခြင်း...။
(အနာနတ်သီး၏အူတိုင်ပါ ထည့်ပါက သွေးဖြူဥဆဲလ်များ
လည်း တိုးပွားစေသည်)
- အခြားအကျိုးကျေးဇူးများစွာလည်းရှိပါသည်.......။
ပြုလုပ်နည်း.......
အနာနတ်သီးနှင့် ပင်စိမ်းရွက်ဖျော်ရည်...။
- နာနတ်သီးအသေးစား ၁ လုံးကို အခွံနွှာပြီး အသားနှင့်အူတိုင်
ပါ အတုံးသေးသေးလေးတွေ လှီးပါ။
- ပင်စိမ်းရွက်လက် ၁ ဆုပ်စာခန့်ကို (အညွန့်/အရွက်/အခက်
များပါ) သန့်စင်အောင်ဆေးပြီး အနည်းငယ်လှီးဖြတ်ထားပါ။
- ရေ ၁ လီတာနှင့် ဖျော်စက်အိုးထဲသို့ နာနတ်သီးနှင့် ပင်စိမ်း
ထည့်ကာ အရည်ညက်အောင် ကြိတ်ဖျော်ပေးပါ။
- အရည်စစ်ပြီး သောက်သုံးနိုင်သည်။
(အရည်မစစ်ပဲ သောက်သုံးလျှင် အမျှင်ဓာတ်ပိုရမည်)
- လိုအပ်ပါက ပျားရည်/သံပရာရည်ထည့်၍ အရသာဖြည့်
နိုင်သည်။ (မထည့်လည်း အနာနတ်သီး၏ ချိုချဉ်အရသာ
နှင့် ပင်စိမ်း၏အနံ့ကြောင့် သောက်ရလွယ်ကူပါသည်)
- ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပြီး ရက်အနည်းငယ်
အထားခံပါသည်။
(ကြိတ်စက်မရှိလျှင် ဆုံနှင့် ထောင်းပြီး ရေရောထည့်ကာ အရည်စစ်ယူနိုင်ပါသည်)
အခြား ကျန်းမာရေးအကျိုးကျေးဇူးများ.........
- အသားစားပြီးနောက် အစာကြေလွယ်စေခြင်း။
- ခန္ဓာကိုယ်အတွက် အာဟာရစုပ်ယူမှုကောင်းစေခြင်း။
- ကိုယ်တွင်းအပူငြိမ်းစေခြင်း။
- နာနတ်သီးတွင် သကြား၊ အက်ဆစ်၊ ဗီတာမင်ဓာတ်များစွာ
ပါဝင်ပြီး မှန်မှန်စားပေးပါက ကျောက်ကပ်ရောင်ခြင်း၊
သွေးတိုး၊ လေပြွန်ရောင်ခြင်းများကို ကာကွယ်နိုင်သည်။
- ပင်စိမ်းရွက်သည် အသက်ရှည်ဆေးဖက်ဝင် အပင်တစ်မျိုး
ဖြစ်ပြီး ကယ်လ်စီယမ်ဓာတ်ကြွယ်ဝကာ သွေးနီဥဖြစ်ပေါ်မှု
ကို အားပေးသည်။ အဆုတ်၊ အသည်း၊ သရက်ရွက်၊
ကျောက်ကပ်နှင့် နှလုံးစသည့်အင်္ဂါများကို ပြန်လည်အား
ဖြည့်ပေးနိုင်သည်။
