မြန်မာဘုရားဖူးများသွားလေ့ရှိသောဝပ်ပါက္ကနာမ်ဘုရားကြီး
ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဘန်ကောက်ရှိ ဝပ်ပါက္ကနမ် ဘုရားကြီးတွင် မြန်မာဘုရားဖူးများဖြင့်စည်ကားလျှက်ရှိသည်။
ယနေ့သည် အလုပ်ပိတ်ရက်မဟုတ်သော်လည်း ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားအချို့က အလုပ်ချိန်ကို ညနေပိုင်းပြောင်းထားပြီး မနက်ကိုဘုရားသို့လာကြသည်။
ဘုရားဖူးများကို ရှမ်း၊ ပအို့ဝ်တိုင်းရင်းသားဝတ်စုံများ၊ မွန်ဝတ်စုံများဖြင့်လာဖူးသူများကိုလည်းတွေ့ရသည်။
လက်ရှိတွင် ထိုင်တော်မူဘုရားကြီးအားမွမ်းမံနေချိန်ဖြစ်သော်လည်း နံနက်၁၀နာရီခန့်တွင် သီလပေးလေ့ရှိသည်။ စနေ၊ တနင်္ဂနွေများတွင်တော့ဘုရားဖူးများလေ့ရှိသည်။
ဘုရားကြီးတွင် ပြတိုက်ကိုပါ ဆွဲဆောင်မှုရှိအောင်ခင်းကျင်းထားသဖြင့် ဘုရားဖူးများပိုစိတ်ဝင်စားကြခြင်းဖြစ်သည်။
မြေအောက်ရထား MRT အပြာလိုင်းစီးလာပါက Bang Phai ဘန်းဖိုင် မှတ်တိုင်တွင်ဆင်းပြီး ၁၀မိနစ်ခန့်လမ်းလျှောက်လျှင်သော်လည်းကောင်း၊ ရထားမှတ်တိုင် ထွက်ပေါက် (၁)မှ ထွက်၍ တက္ကစီ ဌားစီးလျှင် ၆မိနစ်ခန့်ဖြင့် လွယ်ကူစွာရောက်သည်။
ဘုရားကြီးသည် ကျောက်ဖရားထဲစီးဝင်သော မြောင်းသွယ်ဘေးတွင်ရှိသောကြောင့် မြောင်းတလျောက် လှေဖြင့်ဘုရားဖူးလိုပါကလည်း ရသည်။
