16 ပတ် - ဘာသာပြန်ပါ။

ငါးချဥ် ပြုလုပ်နည်း (လွယ်ကူသောနည်း)

ပါဝင်ပစ္စည်းများ.........
* ငါတန်အသား - ၁ ကီလိုဂရမ် (အနေတော်တုံး တုံးထားပါ)
* ကြက်သွန်ဖြူထောင်း - စားပွဲတင်ဇွန်း ၄ ဇွန်း
* ဆား - စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
* အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
* သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
* ဆန်ဆေးရေ - ၁၅၀ မီလီလီတာ
* ထမင်း - ၂၀၀ ဂရမ်

ပြုလုပ်နည်း......
၁။ ငါးကို သန့်စင်အောင်ဆေးကြောပါ။
၂။ ဇလုံတစ်လုံးထဲတွင် ငါးကိုဆားရည်စိမ်ပါ။ ငါးအသားမြုပ်ရုံရေထည့်ပြီး ဆား ၂၀၀ ဂရမ်ထည့်ကာ ၃ နာရီခန့်စိမ်ထားပါ။ (ငါးအသားထဲကို ဆားဓာတ်ဝင်စေပြီး ငါးအသားကို ပျော့မသွားရေရန် ကူညီပေးပါသည်။)
၃။ ၃ နာရီပြည့်ပါက ငါးကို ရေနဲနဲဖြင့် တစ်ကြိမ်ပြန်ဆေးပါ။

ငါးချဥ်တည်နည်း.......
၁။ ဇလုံကြီးတစ်လုံးယူပြီး ငါးများထည့်ပါ။
၂။ ပါဝင်ပစ္စည်းများ (အရသာမှုန့်) အားလုံး ထည့်ပါ။
၃။ ၅ မိနစ်ခန့် သေချာသမအောင် နယ်ပေးပါ။
၄။ ပြီးရင် ပြင်ဆင်ထားတဲ့ ဆန်ဆေးရေကို ထည့်ပါ။
၅။ ပြီးလျှင် ပုလင်းထဲထည့်ကာ အပြင်ဘက်တွင်ထားပါ။ ရာသီဥတုပူပါက မကြာခင် ချဉ်လာပါလိမ့်မယ်။

image