အိမ်မှာစားဖို့ ကွေ့တီယိုသုပ် ဆော့စ်ရည် အလွယ်တကူ လုပ်နည်း....။
(နနည်းလုပ်နည်းနှင့် များများလုပ်နည်း ၂ နည်း)
ဒီနည်းက အိမ်မှာ နည်းနည်းပဲ လုပ်စားဖို့အတွက်ပါ......။
ပါဝင်ပစ္စည်းများ.......
* ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း ၄ ဇွန်း
* ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၃ ဇွန်း
* တောင်ပုံတံဆိပ် ပဲငံပြာရည်စိမ်း - စားပွဲတင်ဇွန်း ၃ ဇွန်း
* ခရုဆီ - စားပွဲတင်ဇွန်း ၃ ဇွန်း
* ရှာလကာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
* ရေသန့် - စားပွဲတင်ဇွန်း ၆ ဇွန်း
* ကြံသကာ (သကြားညို) - စားပွဲတင်ဇွန်း ၃ ဇွန်း
* အချိုမှုန့် - လဖက်ရည်ဇွန်း ၁/၄ ဇွန်း
* ပုစွန်ငပိ - လဘက်ရည်ဇွန်း ၁/၈ ဇွန်း
* ငရုတ်သီးမှုန့် - စားပွဲတင်ဇွန်း ၁/၂ ဇွန်း
(ဒီနည်းက မစပ်တဲ့အတွက် နောက်မှ ထပ်ထည့်နိုင်ပါတယ်)
* ငရုတ်ဆော့စ် (ငရုပ်ဆီ) - စားပွဲတင်ဇွန်း ၃ ဇွန်း
(တစ်ညသိပ်ထားရင် အရသာပိုပြီးပြည့်ဝလာမည်။)
ပြုလုပ်နည်း.........
* ခေါက်ဆွဲဖတ်သေးသေး ၁၀၀ ဂရမ်ကို ရေနွေးဖျောပါ။
ဝက်သားနဲ့ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေကို
လည်း ရေနွေးဖျောပါ။
* ကြက်သွန်ဖြူဆီချက်ထည့်ပြီး ခေါက်ဆွဲဖတ်တွေ မကပ်
အောင် သမအောင် နယ်ပါ။
* အသုပ်တစ်ပန်ကန်စာလျှင် အသင့်လုပ်ထားတဲ့ ဆော့စ်
စားပွဲတင်ဇွန်း ၄-၅ ဇွန်းလောက် ထည့်ပါ။
ဒါဆိုရင် သုံးဆောင်နိုင်ပါပြီး။
များများလုပ်ရန် နည်း.........
* အောက်ပါပစ္စည်းများအားလုံးကို ထည့်ပါ။
* ပဲငံပြာရည်အနောက် - ၁၆၀ ဂရမ်
* ပဲငံပြာရည်စိမ်း - ၁၄၀ ဂရမ်
* ပဲငံပြာရည်အကြည် - ၁၂၀ ဂရမ်
* ခရုဆီ - ၁၀၀ ဂရမ်
* ငရုတ်ဆော့စ် (ငရုပ်ဆီ) - ၁၂၀ ဂရမ်
* ရှာလကာရည် - ၁၂၀ ဂရမ်
* ကြံသကာ (သကြားညိုဟု လူသိများ) - ၄၀၀ ဂရမ်
* ငရုတ်သီးမှုန့် - ၁၀ ဂရမ်
(ဒီနည်းက မစပ်တဲ့အတွက် စားတဲ့အခါထပ်ထည့်နိုင်ပါတယ်)
* ပုစွန်ငပိ - ၅ ဂရမ်
* ရေသန့် - ၁၀၀၀
ပြုလုပ်နည်း..........
* အားလုံးကိုရောပြီး ဆူပွက်ရုံလေးပဲတည်ပြီး အအေးခံထားပါ။
* (၁ ည စိမ်ထားရင် အရသာ ပိုပြီးပြည့်ဝလာပါလိမ့်မယ်။)
* ခေါက်ဆွဲဖတ်၊ ဝက်သား၊ ငါးဖယ်လုံးတို့ကို ရေနွေးဖျောပါ။
* အသုပ် တစ်ပန်းကန်စာလျှင် ဆော့စ် စားပွဲတင်ဇွန်း
၄-၅ ဇွန်းထည့်ပါ။
* အရသာကို လိုအပ်သလို စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါတယ်။