16 w - Translate

၀က်ဆီ၊ ၀က်သားတွေ ကျွေးတာကခွေးလေးတွေကိုအမွှေးကျွတ်စေတယ် ဆိုတာအမှန်ပဲလား❔

သိပ္ပံနည်းကျ ဆေးစစ်ချက်တွေမှာတော့ ဒီအရာကိုအတည်ပြုထားခြင်းမရှိပါဘူး။

ဝက်ဆီ၊ ဝက်သား တို့ကြောင့် အမွေးကျွတ်တယ်လို့တိုက်ရိုက်ပြောလို့မရပေမယ့် သက်ဆိုင်မှုတော့ရှိနေပါတယ်။

ဆိုတော့ ဘာကြောင့်အမွှေးကျွတ်ရတာလဲဆိုရင် အဆီများတဲ့ အစားအစာတွေဟာ ဗီတာမင်နဲ့ သတ္ထုဓာတ် (Zinc - ဇင့် ) တွေကို စုပ်ယူမှု အားနည်းစေပါတယ်။

အဲ့ကနေ ဇင့်ဓာတ်ချို့တဲ့ တဲ့အခါမှာ အရေးပြားပြဿနာနဲ့ အမွှေးကျွတ်ခြင်းတို့ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် အဆီဓာတ်များတဲ့ အစားအစာတွေကို ရေရှည်ကျွေးမိတဲ့အခါမှာ ခွေးလေးတွေက အရေပြားပြဿနာနဲ့ အမွှေးကျွတ်ခြင်း ပြဿနာတို့ကိုခံစားရခြင်းပဲဖြစ်ပါတယ်။

ဒါအပြင် ဓာတ်မတည့်ခြင်း၊ သန့်‌‌ရှင်းရေးပုံမှန်မလုပ်ပေးခြင်း၊ အဟာရပြည့်၀စွာ မစားသာက်ရတဲ့ အခါတွေမှာလည်း ခွေးလေးတွေမှာ အမွေးကျွတ်ချင်းပြဿနာကိုကြုံတွေ့ကြရပါတယ်။

ဒါဆိုရင် ခွေးလေးတွေ အမွှေးမကျွတ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ အကြမ်းဖျင်းသိသွားမယ်လို့ထင်ပါတယ်။
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ။