16 ပတ် - ဘာသာပြန်ပါ။

ကောက်ညှင်းမုန့်ဖတ်ထုပ်/သာကူမုန့်ဖတ်ထုပ်လုပ်နည်း 😋

ပါဝင်ပစ္စည်းများ......
- ကောက်ညှင်းမှုန့် 300g
- သာကူ 200g
- အုန်းသီး တစ်လုံး(ခြစ်ထားပါ)
- ထန်းလျှက်(သကြား) 20ကျပ်သား
- ငှက်ပျောရွက်

ပြုလုပ်နည်း.......
- အရင်ဆုံးကောက်ညှင်းမှုန့်ကိုရေထည့်ပြီး မုန့်သားလေးတွေနူးညံ့လာသည်အထိနယ်ပေးပါ။
- မုန့်သားလေးတွေနူးညံ့သွားပြီးဆို တစ်နာရီနှပ်ထားပေးပါ။
- မုန့်နှပ်ထားတဲ့အချိန်မှာ ထန်းလျှက်ကို ရေအနည်းငယ်ထည့်ပြီးကြိုပေးပါ။ ထန်းလျှက်အားလုံးအရည်ပျော်ပြီးချိန်မှခြစ်ထားတဲ့အုန်းသီးဖတ်လေးတွေထည့်ပြီး မွှေပေးပါ။
- အုန်းယိုလေး‌တွေရေခမ်းပြီး ညောင်စီးကျတဲ့အထိမွှေပေးပါက အစာသိပ်ဖို့အုန်းယိုရပါပြီး။
- အုန်းယိုရပြီးအချိန်မှ သာကူလေးတွေကိုရေဆေးပြီး စစ်ထားပေးပါ။ (သာကူလေးတွေအရင်ရေဆေးထားပါက တအားပွသွားမှာစိုးလို့ပါ)
- ငှက်ပျောရွက်တွေကိုတော့မုန့်မလုပ်ခင် သေချာရေဆေးပြီး နေပူထဲလှမ်းထားပေးပါ။ (နေမလှန်း/မီးမပြပဲ မုန့်ထုပ်ရင်ကြွပ်ပြီး ကွဲကုန်မှာစိုးလို့ပါနော်)
- အခုဆိုရင်တော့မုန့်လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီး။
- နယ်ထား‌တဲ့မုန့်နှစ်တွေကို လိုချင်တဲ့အရွယ်အစားယူပြီး အလယ်ကနေအုန်းယိုလေးတွေအစာသိပ်ပြီးလုံးပေးပါ။ ပြီးရင်ငှင်ပျောရွက်လေးနဲ့ထုပ်ပေးပါ။
- သာကူအတွက်ကျတော့ သာကူတစ်ဇွန်းထည့်ပြီးရင် အုန်းယိုလေးထည့်ပြီးမှ အပေါ်ကသာကူတစ်ဇွန်းထပ်ထည့်ပြီးမှ ထုတ်ပေးပါ။
- အားလုံးထုတ်ပြီးပါက ၄၅ မိနစ်လောက်ပေါင်းပေးလိုက်ရင် အရမ်းစားလို့ကောင်းတဲ့ မုန့်ဖတ်ထုတ်လေးတွေရပါပြီးရှင့်။

image