ထောပတ်သီးရေခဲမုန့် ပြုလုပ်နည်း (Avocado Ice Cream)
ထောပတ်သီးရေခဲမုန့် ကြိုက်တဲ့သူတွေအတွက် အိမ်မှာ အလွယ်တကူ လုပ်စားနိုင်ပါတယ်......။❤

🟢 ထောပတ်သီး ရေခဲမုန့် လုပ်နည်း......
၁။ အောက်ပါ ပါဝင်ပစ္စည်းများကို Blender ထဲ ထည့်ပါ။
* ထောပတ်သီးမှည့် အသား ၄၀၀ ဂရမ်
* နို့ရည် (သို့) အုန်းနို့ရည် ၄၀၀ ml
* သကြားဖြူ စားပွဲတင်ဇွန်း ၅ ဇွန်း
* နို့ဆီ ၃၀ ml
* ဆား 1/8 လက်ဖက်ရည်ဇွန်း
မှတ်ချက် ။ ။ ထောပတ်သီးအမျိုးအစားပေါ်မူတည်ပြီး အချိုကို စိတ်ကြိုက် ချိန်ညှိထည့်နိုင်ပါသည်။
၂။ ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ကြိတ်ပြီး (သို့)
နောက် ဖျော်ပြီးနောက် ဘူးထဲသို့ ထည့်ပါ။
၃။ အရောင်လှချင်ရင် အစားအသောက်အရောင်ဆိုးဆေး
အစိမ်းရောင်ကို ထည့်နိုင်ပါတယ်။ မထည့်ချင်ရင်လည်း
ရပါတယ်။ ပြီးရင် သမအောင် ရောမွှေပါ။
၄။ အဖုံးပိတ်ပြီး ရေခဲသေတ္တာအအေးခန်း (Freezer) ထဲတွင်
ရေခဲမုန့် မာလာသည်အထိ ထည့်ထားပါ။
၅။ မာလာပြီဆိုလျှင် ဓားဖြင့် အတုံးသေးသေးလေးတွေ
လှီးဖြတ်ပြီး နောက်တစ်ခါ ဖျော်စက်ထဲ ထည့်ဖျော်ပါ။
(ပိုမို ချောမွေ့သော အသားရရှိရန် ဖြစ်ပါတယ်။) ပြီးလျှင်
ဘူးထဲသို့ ပြန်ထည့်ပြီး အဖုံးပိတ်ပါ။
၆။ ရေခဲသေတ္တာအအေးခန်း (Freezer) ထဲတွင် ၄-၅ နာရီခန့်
ထပ်မံ၍ ရေခဲမုန့် မာလာသည်အထိ ထည့်ထားပြီးရင်
စားသုံးနိုင်ပါပြီ........။ 😋

image