မှိုလည်းမတက် နှစ်တဲ့ချီအထားခံတဲ့ မကျည်းမှည့်နှစ်ရည် ပြုလုပ်နည်း။
ဒီနည်းအတိုင်း လုပ်မယ်ဆိုရင် မကျည်းမှည့်အနှစ်ကို အချိန်အကြာကြီး အထားခံပြီး မှိုတက်တာ၊ ပျက်စီးတာမျိုး မဖြစ်ဘဲ အလွယ်တကူ အသုံးပြုလို့ရပါတယ်။ ချက်ပြုတ်တဲ့အခါ ထုတ်သုံးလိုက်ရုံပဲ အရမ်းအဆင်ပြေပါတယ်။
📌📌 ပါဝင်ပစ္စည်းများ........
* မကျည်းမှည့် - ၅၀၀ ဂရမ်
* ရေသန့် - ၁,၇၀၀ မီလီလီတာ
* ဆား - ၂ ဇွန်း (ထမင်းစားဇွန်း)
* ရှာလကာရည် - ၇ ဇွန်း (ထမင်းစားဇွန်း)
📌📌 ပြုလုပ်နည်း.......
၁။ ရေကို ဆူအောင်တည်ပါ။ မကျည်းမှည့်တွေကို အတုံးလိုက်မဟုတ်ဘဲ အသားတွေပျော်လွယ်အောင် အတုံးလေးတွေ ခွဲထုတ်ပြီး ရေနွေးဆူဆူနဲ့ မကျည်းမှည့်ကို နာရီဝက်ကနေ တစ်နာရီလောက်အထိ စိမ်ထားပါ။
၂။ စိမ်ထားတဲ့ မကျည်းမှည့်ကို အနှစ်တွေ အများကြီးရအောင် ချေပါ။ ပြီးရင် အဖတ်တွေကို ဖယ်ထုတ်ပြီးရင် မကျည်းမှည့် အနှစ်တွေကို စစ်ယူပါ။
၃။ စစ်ထားတဲ့ မန်ကျည်းမှည့်အနှစ်တွေကို အိုးတစ်လုံးထဲထည့်ပြီး ဆူပွက်လာတဲ့အထိ တည်ပါ။ ပြီးရင် ဆားနဲ့ ရှာလကာရည်ကို ထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးရင် နောက်ထပ် ၅ မိနစ်လောက် ဆက်တည်ပါ။
၄။ မကျည်းမှည့်အနှစ်ချက်တဲ့အိုးကို နှစ်လို့ရမယ့် ခပ်ကြီးကြီးအိုးတစ်ခုထဲမှာ ရေအေးတွေ ထည့်ပြီး အပူဓာတ်လျှော့ချဖို့အတွက် ထည့်စိမ်ပါ။ (ရေအေးတွေ ပူလာရင် တစ်ခါ ထပ်လဲပါ။) ဒုတိယအကြိမ် ရေလဲပြီးနောက် အိုးကို ရေထဲကနေ ထုတ်ပြီး လုံးဝအေးသွားတဲ့အထိ အအေးခံထားပါ။
၅။ မကျည်းမှည့်အနှစ်ထည့်မယ့် ဗူးတွေကို ရေနွေးဖျောပြီး ခြောက်အောင်ထားပါ။ မကျည်းမှည့်အနှစ် လုံးဝအေးသွားပြီဆိုရင် အဖုံးလုံတဲ့ ဗူးထဲကို ထည့်ပြီး သိမ်းဆည်းထားနိုင်ပါပြီး။
ရေခဲသေတ္တာအပြင်မှာဆိုရင် တစ်လလောက် ထားနိုင်ပြီး ရေခဲသေတ္တာထဲမှာဆိုရင် ၆ လကနေ ၁၂ လအထိ သိမ်းထားနိုင်ပါတယ်။
ဒီနည်းအတိုင်း လုပ်မယ်ဆိုရင် ကြာရှည်ခံတဲ့ မကျည်းမှည့်အနှစ်ကို ရရှိမှာဖြစ်ပါတယ်။