16 ပတ် - ဘာသာပြန်ပါ။

မုဒုံမြို့ရှိ သားရေကွင်းမှိုင်းရုံ၌ နာရီဝက်ကျော်ကြာမီးလေ-ာင်မှုဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ သားရေကွင်းမှိုင်းရုံတွင် ဇူလိုင် ၇ ရက်ည ၁ နာရီ ၄၅ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မုဒုံမြို့၊ ကန်ကြီးရပ်၊ သတိပဌာန်(၆)လမ်းရှိ သားရေကွင်းမှိုင်းရုံတစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မုဒုံမြို့နယ်မီးသတ်စခန်း၊ ကမာဝက်နယ်မြေမီးသတ်စခန်း၊ ညောင်ကုန်းကျေးရွာအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၂ နာရီ ၁၇ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

image