16 ပတ် - ဘာသာပြန်ပါ။

ငလျင်ဒဏ်ကြောင့် ယာယီတဲများတွင် နေထိုင်သူများ
မြွေနှင့်အဆိပ်ရှိသတ္တဝါအန္တရာယ်များ သတိပြုရမည့်ရာသီဖြစ်

မိုးရာသီကျရောက်လာမှုနှင့်အတူ မိုးများ၍ ရေများသောကြောင့် အဆိပ်ရှိသော တွင်းအောင်း သတ္တဝါများမှာ ထွက်လာလေ့ရှိသဖြင့် သတိပြုကြရန်နိုး​ဆော်ပါသည်။

လက်ရှိတွင်လည်း ယာယီတဲများတွင် နေထိုင်သူများအကြား မြွေပွေး၊ မြွေဟောက်ကဲ့သို့သော အဆိပ်ပြင်းမြွေအချို့လည်း တွေ့လာခြင်းများလည်း ရှိနေသည်။

“ကျွန်မတို့ တဲထဲမှာတွေ့တာပါ။ ဘာမြွေအမျိုးအစားလဲ သိချင်ပါတယ်” ဟု မြွေဝင်ရောက်နေသည့် ဓာတ်ပုံကိုပြကာ အမျိုးအမည်ခွဲခြားပေးနေသည့် native species conservation and identification group တွင် အမျိုးသမီးတစ်ဦးက မေးမြန်းထားသည်။

ယာယီတဲများ၊ အဆောက်အအုံများတွင် နေထိုင်သူများသည် မိမိတို့၏ စောင်များ၊ ခြင်ထောင်များ၊ ခေါင်းအုံးများကိုလည်း မအိပ်ခင် အသုံးမပြုခင် အရင် သတိထားကာ သေချာခါခြင်း၊ အသံပေးခြင်းများ ပြုလုပ်သင့်ကြောင်းလည်း မျှဝေထားကြသည်။

လက်ရှိတွင် ယာယီနေထိုင်ရန်စီစဉ်ပေးထားသော Tent များ၊ ဘာရှာများ၊ မော်ဂျူလာများ ဆောက်လုပ်ထားရာ နေရာသည် ကွင်းပြင်များနှင့် မြေလွတ်နေရာများဖြစ်ပြီး ယင်းနေရာများကို မြေညှိကာရှင်းလင်း၍လုပ်ဆောင်ထားခြင်းကြောင့် အနီးတွင် မြက်ပင်ခြုံနွယ်များလည်းရှိနေသေးသည့် အတွက် မြွေနှင့်အဆိပ်ရှိသော သတ္တဝါအန္တရာယ်များ၏ အန္တရာယ်ကို ပိုမိုသတိထားနေကြရခြင်းလည်းဖြစ်ကြောင်းလည်း သိရသည်။

image
image
image