16 w - Translate

သံလမ်းမှတ်တိုင်အနီးမှာ ယာဉ်သုံးစီးဆင့်တိုက် တစ်ဦးသေဆုံး

ဇူလိုက်လ ၇ ရက်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ သစ္စာလမ်းထောင့် သံလမ်းမှတ်တိုင်အနီးမှာ ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့ မနက် ၈နာရီ ၄၅မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

Alphard အဖြူရောင် ယာဉ်တစ်စီးဟာ အခြားကားနှစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အရှိန်မများဘူး Alphard ယာဉ်မောင်းက ယာဉ်တိုက်မှု မဖြစ်ခင်ကတည်းက ရောဂါအခံနဲ့ ဆုံးသွားပြီး ဝင်တိုက်မိတာဖြစ်နိုင်တယ်၊ ကြီးကြီးမားမား ထိခိုက်မိတာ မရှိကြပါဘူး”လို့ အဲဒီအကြောင်း သိရှိထားသူ တိုက်ကြေကားGroup နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို မိုးစေတနာ ပရဟိအသင်း (ရန်ကုန်)က သွားရောက် ကူညီပေးခဲ့ပြီး အသက်ဆုံးပါးသွားသူ Alphard ယာဉ်မောင်းကို စံပြဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း
credit

image