7 ပတ် - ဘာသာပြန်ပါ။

ပညာလည်းရှိ၊ ငွေလည်းရှိ...
ဒါပေမယ့် နှလုံးသားက မရှိဘူးဆို အားလုံးအလကားပဲ။
လူ့တန်ဖိုးကို နားလည်ဖို့…
ဒီစာ‌‌ လေးကို ဆုံးအောင်သာ ဖတ်ကြည့်လိုက်ပါပါ။
💭❤️

ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု
သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

#crd_to_owner_with_respect

image