မနက်အိပ်ယာနိုးတာနဲ့ ဗိုက်ပူ၊ လည်ချောင်းခြောက်၊ လေတွေတက်ပြီး တချို့ရက်တွေဆို ခံတွင်းခါးတာ၊ လျှာချဉ်တာ၊ အသက်ရှုမဝတာတွေ ဖြစ်တတ်တယ်။ ဘာမှမစားရသေးဘဲနဲ့တင် ဗိုက်ကပြည့်အင့်နေသလို ခံစားရတယ်။ ဒါပေမယ့် မနက်တိုင်း ရှောက်နူသီးရည်နွေးနွေးလေး သောက်ပြီးတဲ့နောက်မှာတော့ ဗိုက်ပူတာတွေ တဖြည်းဖြည်း လျော့ကျလာပြီး အဝတ်အစားတွေ ဝတ်ရတာလည်း အရင်လို တင်းကျပ်မနေတော့ဘူး။

ဘယ်လိုပြင်ဆင်သောက်ရမလဲ....?
တချို့ရက်တွေဆို ဒီတိုင်းအသီးလိုက်ပဲ ညှစ်သောက်တယ်။
ရှောက်နူသီး ၁ လုံးကို ထက်ခြမ်းခွဲပြီး ဖန်ခွက်ထဲ အရည်ညှစ်ထည့်တယ်။ ရေနွေးနွေးလေး ထည့်ပြီး အစာမစားခင် ဗိုက်ထဲဘာမှမရှိသေးချိန် နည်းနည်းချင်းစီ သောက်တယ်။

တချို့ရက်တွေမှာတော့ ပျားရည်စိမ်ပြီး သောက်တယ်။
* ရှောက်နူသီးကို ပါးပါးလှီးပြီး ပုလင်းထဲထည့်ပါ။
* ပျားရည်မြုပ်အောင်လောင်းထည့်ပြီး ၂-၃ ရက်လောက်
စိမ်ထားလိုက်ပါ။
* မနက် အလျင်လိုတဲ့အခါမျိုးဆိုရင် လက်ဖက်ရည်ဇွန်း
၁ ဇွန်း စာလောက်ကို ရေနွေးနဲ့ ဖျော်ပြီး သောက်လို့ရတယ်။

ကိုယ်တိုင်သောက်ကြည့်ပြီး ခံစားရတာတွေကတော့......
* ဗိုက်ပူတာ လျော့ကျပြီး ဗိုက်မတင်းတော့ဘူး။
* လည်ချောင်းရှင်းပြီး အသံကြည်လင််တယ်၊ အသက်ရှုရ
တာလည်း လွယ်ကူလာတယ်။
* လေကောင်းလေသန့် ရပြီး လျှာလည်း မခါးတော့ဘူး။
* မနက်နိုးလာရင် ထိုင်းမှိုင်းတာ၊ လေးလံတာ၊ လေအောင့်
တာတွေ မဖြစ်တော့ဘူး။

ရှောက်နူသီးရဲ့ အကျိုးကျေးဇူးများ........
ရှောက်နူသီးမှာ ကောင်းကျိုးများစွာ ရှိပါတယ်။
* အခွံရဲ့ ရနံ့က အသက်ရှုရ လွယ်ကူစေတယ်။
* ရှောက်နူရည်က လည်ချောင်းထဲက အချွဲတွေကို သန့်စင်
ပေးပြီး ယားယံတာကို လျှော့ချပေးတယ်။
* လေပူထတာကို သက်သာစေပြီး ဝမ်းဗိုက်တင်းတာကို
လျှော့ချပေးတယ်။
* တံတွေးထွက်အောင် လှုံ့ဆော်ပေးပြီး ပါးစပ်ခြောက်တာ
ကို သက်သာစေတယ်။

Admin ရဲ့ နေ့စဉ်ဘဝမှာ အကျင့်တစ်ခုလို ဖြစ်လာရခြင်း...
အခုဆိုရင် မီးဖိုချောင်မှာ သံပရာသီး ဆောင်ထားတာက အိမ်မှာ ကောင်းတဲ့အရာတစ်ခု ရှိနေသလိုပဲ။ အသီးလိုက် ညှစ်သောက်တာရယ်၊ ပျားရည်စိမ်ပြီး သောက်တာရယ်ကို တလှည့်စီ သောက်ဖြစ်တယ်။ မနက်တိုင်း သောက်တဲ့အခါ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲလာတာကို ခံစားရပါတယ်......။
(ရှောက်နူသီးမရတဲ့နေရာများ သံပုရာရည်ကို သောက်ပါ)

image