အုန်းနို့ကျောက်ကျော နှစ်ထပ်လုပ်နည်း.........။
ပြုလုပ်နည်းနှင့် ပါဝင်ပစ္စည်းများ..........
တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့် ၂၅ ဂရမ်၂ ထုပ်ပါ။
ကျောက်ကျောမှုန့် ၂၅ ဂရမ် ၁ ထုပ်ဆို ရေနဲ့အုန်းနို့အရော ၇ ခွက်ထည့်ရင်လုံလောက်ပါတယ်။
အခု ၂ ထုပ်ဆိုတော့ ရေနဲ့အုန်းနို့ ၁၄ ခွက်ပါ။ (နို့ဆီခွက်နဲ့ပါ)
သကြား ၅၀၀ ဂရမ်ထည့်ပါတယ်။
ဆားအနည်းငယ်ထည့်ပါ။
မီးအေးအေးနဲ့ ကြွက်မြီးတန်းသည်အထိ ကြိုပါ။ (၃၀မိနစ်ခန့်)
ဗန်းထဲထည့် အအေးခံပြီးသုံးဆောင်နိုင်ပါပြီး။
အုန်းနို့အရမ်းများလွန်းရင်လည်း အဆင်မပြေပါ။
အချိုးညီရင် ၂ ထပ်ဖြစ်ပါတယ်.....။❤️