ဝက်သားချောင်း (ဝက်အူချောင်း) ကို အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ရပါတယ်...။
ပြုလုပ်နည်း.......။
ပါဝင်ပစ္စည်းများ........
* မုန်လာဥနီ အလတ်စား ၁ လုံး (နှုတ်နှုတ်စဉ်းပါ)
* ကြက်သွန်ဖြူ ၈ မွှာ (နှုတ်နှုတ်စဉ်းပါ)
* ကြက်သွန်နီ အနီ ၁ လုံး (နှုတ်နှုတ်စဉ်းပါ)
* ဂေါ်ဖီထုပ် (နှုတ်နှုတ်စဉ်းပါ)
* နံနံပင် (နှုတ်နှုတ်စဉ်းပါ)
* ပုစွန် ၁/၂ ကီလို (နှုတ်နှုတ်စဉ်းပါ)
* ဝက်သားကြိတ် ၁ ကီလို
* ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
* ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
* နှမ်းဆီ
တို့စရာအချဥ်ရည်ဆော့စ်အတွက်.....
* ငရုတ်ဆီ
* သံပုရာရည်
* ပဲငံပြာရည်
ပြုလုပ်နည်း.......
၁။ ဟင်းသီးဟင်းရွက်များကို နှုတ်နှုတ်စဉ်းပါ။
၂။ ပုဇွန်ကို အခွံ၊ ခေါင်း၊ အမြီးနှင့် အူများ ဖယ်ရှားပြီး
နှုတ်နှုတ်စဉ်းပါ။
၃။ နှုတ်နှုတ်စဉ်းထားသည့် ပုဇွန်၊ ဝက်သားကြိတ်၊ ဆား၊
ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်နှင့် ခရုဆီတို့ကို
ဇလုံကြီးတစ်ခုထဲထည့်ပြီး သေချာသမအောင် ရောမွှေပါ။
နှမ်းဆီထည့်ပြီး သေချာသမအောင် ထပ်မွှေပေးပါ။
၄။ သေချာနယ်ပြီးရင် ပိုက်အိတ်ထဲသို့ ထည့်ပါ။
၅။ ဒယ်အိုးကြီးတစ်လုံးတွင် ရေနွေးဆူအောင်တည်ပါ။
၆။ တုတ်ထိုး အသားချောင်းအိတ်ထဲ ထိုစထည့်ပါ။ တုတ်ထိုး
ပြီး အသားချောင်းကို အိတ်ထဲကနေ ဆွဲထုတ်နေစဉ်အ
တွင်း အရောအနှောကို ဆူပွက်နေသောရေနွေးထဲတွင်
၁ မိနစ်ခန့် ပြုတ်ပြီး ချက်ချင်း ဆယ်ယူပါ။
၇။ ရေနွေးငွေ့ပေါင်းအိုးထဲတွင် စီထည့်ပြီး အလယ်အလတ်
မီးဖြင့် ၃၅ မိနစ်ခန့် ပေါင်းပါ။
၈။ ငရုတ်ဆီနှင့် သံပုရာရည်ထည့်ထားသော
ပဲငံပြာရည်ဆော့စ်တို့နဲ့ တည်ခင်းသုံးဆောင်နိုင်ပါပြီး..။😋