ပြောင်းဖူး ဝက်နံရိုး စွပ်ပြုတ် ချက်နည်း 🌽 🌽
ပူပူနွေးနွေး ချိုချိုမွှေးမွှေး အရသာရှိတဲ့ ဟင်းရည်လေး 😋😋

👉 ပါဝင်ပစ္စည်းများ.....
* ဝက်နံရိုးနု
* ပြောင်းဖူးချို (အတုံးလိုက်လှီးထားပါ)
* မုန်လာဥနီ (အဝိုင်းလိုက်လှီးထားပါ)
* ကြက်သွန်ဖြူ
* ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* နံနံပင်အမြစ်
* ရေသန့်
* ပဲငံပြာရည်အကြည်
* ဆား
* သကြားခဲ (candy sugar) မရှိရင် ရိုးရိုးသကြားထည့်ပါ။

👉 ပြုလုပ်နည်း.......
* ရေကိုဆူအောင်တည်ပြီး ဝက်နံရိုးကို ၃-၅ မိနစ်ခန့် ရေနွေး
ဖျောပါ။ ပြီးရင် ပြန်ဆယ်ပြီး ရေသန့်စင်အောင် ဆေးကြော
ပါ။ ဒါမှ အညှီနံ့လျော့ပြီး ဟင်းရည်ကြည်လင်မှာပါ။
* အိုးထဲကို ရေသန့်ထည့်ပြီး အလယ်အလတ်မီးနဲ့တည်ပါ။
ဆူလာရင် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ နံနံပင်အမြစ်
ထည့်ပါ။
* ပဲငံပြာရည်အကြည်၊ ဆားနဲ့ သကြားခဲတို့နဲ့ အရသာနယ်ပြီး
သမအောင် ရောမွှေပေးပါ။
* ရေနွေးဖျောပြီးသား ဝက်နံရိုးကို ထည့်ပါ။ မီးအေးအေးနဲ့
၃၀-၄၅ မိနစ်ခန့် ဝက်နံရိုးနူးအိလာတဲ့အထိ တည်ပါ။ ပြီးရင်
ပြောင်းဖူးနဲ့ မုန်လာဥနီ ထည့်ပြီး ဟင်းသီးဟင်းရွက်တွေနူး
ကာ ပြောင်းဖူးကနေ မွှေးပြီးချိုတဲ့ ဟင်းချိုအရသာရလာ
တဲ့အထိ နောက်ထပ် ၁၅-၂၀ မိနစ်ခန့် တည်ပါ။

image