ရေမုန့် - လမ်းသရဲမုန့် လုပ်နည်း......။
ဒီနေ့ အိမ်မှာချက်စားဖြစ်လို့ လမ်းသရဲမုန့် ချက်နည်းလေး ပြန်လည်မျှဝေပေးလိုက်တယ်နော်.....

မုန့်နှစ်အတွက် ပါဝင်ပစ္စည်းများ.........
* ဆန်မှုန့် ၂ ခွက်
* ရေ ၄ ခွက်
* ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
* ဆား လက်ဖက်ရည်ဇွန်း တဝက်

အစာပလာအတွက် ပါဝင်ပစ္စည်းများ.........
* ပဲပြုတ် ၅ ကျပ်သား
* ခရမ်းချဉ်သီး ၃ လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
* ဂေါ်ဖီထုတ် တစိတ် (ပါးပါးလှီးပါ)
* ငရုတ်သီးစိမ်း ၈ တောင့် (ပါးပါးလှီးပါ)
* နံနံပင် ၁ စည်း (ပါးပါးလှီးပါ)
* မာဆလာ စားပွဲ တင်ဇွန်း ၂ ဇွန်း

ရေမုန့် ပြုလုပ်နည်း.........
၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဆန်မှုန့်၊ ဆိုဒါ) ကို သမအောင် ရောနယ်ပါ။ ပြီးမှ (ရေ၊ ဆား) တို့ကို သမအောင် ရောမွှေထားပြီး နာရီဝက်ခန့် ထားထားပေးပါ။

၂။ ပြီမှ ဒယ် (Non Stick Pan) ထဲ ဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ခန့် ဒယ်ထဲသို့ ထည့်ပေးပါ။

၃။ ဆီပူလာလျှင် မီးကို လျှော့လိုက်ပြီးမှ ဆန့်မှုန့်ရည် (ယောက်ခွက် ၁ ဇွန်းစာ) (ဒယ်အရွယ်အစားပေါ် မူတည်၍) ထည့်ပေးပါ။

၄။ ထို့နောက်အပေါ်မှ ပဲပြုတ်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မဆလာ အနည်းငယ် ဖြူးပေးပါ။

၅။ မုန့်ဘေးသားများ ကြွပ်လာသည်အထိ မီးအသင့်တင့်ဖြင့် အဖုံးအုပ်ပြီး ကြာကြာထားထားပေးပါ။

၆။ မုန့် ဘေးသားများ ကြွပ်လာပြီးဆိုမှ လမ်းသရဲမုန့်ကို တဝက်ခေါက်ပြီ စားသုံးနိုင်ပါပြီး.........။ 😋

image