ကြက်ကြော်နှင့် ကိုရီးယားဆော့စ် လုပ်နည်း....😋
ဒီဟင်းက ကလေးရော လူကြီးပါ ကြိုက်မှာပါ။ လုပ်ရလွယ်ပြီး အရသာရှိတာမို့ အိမ်မှာစမ်းလုပ်ကြည့်နော်.... 💖😊

✅ ကြက်ကြော်အတွက် ပါဝင်ပစ္စည်းများ.......
* ကြက်တောင်ပံ (အပေါ်ပိုင်း) - ၆၀၀ ဂရမ်
* ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
* ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
* ဆန်မှုန့် - ၁၀၀ ဂရမ်
* အကြော်မှုန့် - ၁၀၀ ဂရမ်
* ရေအေး - ၁၈၀ မီလီလီတာ (ကြက်သားနယ်ရန်)

✅ ဆော့စ်အတွက် ပါဝင်ပစ္စည်းများ........
* ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၃ ဇွန်း (ငရုပ်ဆီ)
* ခရမ်းချဉ်သီးဆော့စ် - စားပွဲဇွန်း ၃ ဇွန်း
* ကိုရီးယားအစပ်ဆော့စ် - စားပွဲဇွန်း ၄ ဇွန်း
* နှမ်းဖြူလှော် - စားပွဲဇွန်း ၁/၂ ဇွန်း
* ရေသန့် - စားပွဲဇွန်း ၃ ဇွန်း
* သကြား - စားပွဲဇွန်း ၁ ဇွန်း
(ကိုရီးယားအစပ်ဆော့စ်အစား တခြားအစပ်ဆော့စ်တစ်မျိုးမျိုးနဲ့လဲရပါတယ်။ မရှိပါက ငရုပ်သီးမှည့် ထောင်းထည့်ပါ။)

✅ ပြုလုပ်နည်းအဆင့်ဆင့်.......
* ကြက်သားကို ဆားနဲ့နယ်ပြီး ငရုတ်ကောင်းမှုန့်ဖြူးပြီး
ခဏနှပ်ထားပါ။
* ဆန်မှုန့်နဲ့ အကြော်မှုန့်တို့ကို ရောမွှေပြီး နှပ်ထားတဲ့ကြက်
သားကို သမအောင်နယ်ပါ။ ပြီးရင် ကြက်သားကို ရေခဲရေ
ထဲကို တစ်ခါထပ်နှစ်ပြီး ကျန်တဲ့မှုန့်တွေနဲ့ ထပ်နယ်ပေးပါ။
* အလယ်အလတ်အပူချိန်ထက် အနည်းငယ်နိမ့်တဲ့မီးနဲ့
မိနစ် ၂၀ လောက် ကြော်ပေးပါ။ ရွှေဝါရောင်သန်းပြီး ကျက်
လာရင် ဆီစစ်ဖို့ ဖယ်ထားပါ။
* ဒယ်အိုးထဲကို ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊
ကိုရီးယားအစပ်ဆော့စ်၊ သကြားနဲ့ ရေထည့်ပြီး
မီးအေးအေးနဲ့ ကျိုပါ။ စေးကပ်လာပြီဆိုရင် ကြက်ကြော်
တွေကို ဆော့စ်နဲ့သမအောင်နယ်ပြီး နှမ်းဖြူလှော်ဖြူးလိုက်
ရင် ရပါပြီ.........😋✅

image