ကြက်ခြေထောက် ပဲငံပြာရည်ပြုတ် အချဥ်ရည်လုပ်နည်း..။
နူးအိပြီး အရသာရှိတဲ့ အချဥ်ရည်နဲ့ဆို အရမ်းကိုကောင်းပါတယ်။ ထမင်းနဲ့ပဲစားစား၊ အရ'က်နဲ့ပဲမြည်းမြည်း နှစ်မျိူးလုံးနဲ့ လိုက်ဖက်ပါတယ်။ 😋😋😋

ကြက်ခြေထောက် ပဲငံပြာရည်နှပ်ရန် ပါဝင်ပစ္စည်းများ.......
* ကြက်ခြေထောက် - ၁ ကီလိုဂရမ်
* ရေ - ၃ လီတာ
* ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* တရုတ်ကြက်သွန်ဖြူ - ၄ မြွှာ
* နံနံပင်အမြစ် - ၃ မြစ်
* ထန်းလျက် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
* ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
* ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၁ ဇွန်း
* ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
(မီးအလယ်အလတ်ဖြင့် ၁ နာရီကြာ ပြုတ်ပါ)

အရသာရှိတဲ့ အချဥ်ရည်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ......
* ကြက်သွန်ဖြူ - ၃ မြွှာ
* ငရုတ်သီးစိမ်း/အနီ - ၇ တောင့်
* ထန်းလျက် - စားပွဲဇွန်း ၁-၂ ဇွန်း
* သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း
* ငါးငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
* နံနံပင် (နုပ်နုပ်စဉ်း) - အနည်းငယ်
(အားလုံးကို ရောထောင်းပါ သို့မဟုတ် ကြိတ်ပါ)

image