7 ပတ် - ဘာသာပြန်ပါ။

ထိုင်းစတိုင် ကြက်သားငံပြာရည်ပေါင်းနည်းနှင့် အချဥ်ရည်လုပ်နည်း လျှို့ဝှက်ချက်......။
စိတ်ပါရင် အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ပါ လုပ်လို့ရတယ်။

ပါဝင်ပစ္စည်းများ........
၁။ ကြက်ပေါင်နှင့်ခါးရိုး ၂ တုံး၊ ကြက်တောင်ပံအလယ်ပိုင်း
၂။ ငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
၃။ ထန်းလျက် စားပွဲတင်ဇွန်း ၂ ဇွန်း
၄။ အဖုံးအစိမ်းရောင်ဆော့စ် ၁ ဇွန်း
၅။ ပဲငံပြာရည်အကြည် ၁ ဇွန်း
၆။ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း တစ်ဝက်
၇။ နံနံပင်၊ နံနံပင်အမြစ်၊ ပါးပါးလှီးထားတဲ့ စပါးလင်
၈။ ငရုတ်ကောင်းစေ့၊ တရုတ်ကြက်သွန်ဖြူ

ပြုလုပ်နည်း........
ကြက်သားကို သေချာဆေးကြောပြီး ရေစစ်ထားပါ။ ပြီးရင် အထက်မှာဖော်ပြထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုထည့်ပြီး နယ်ပေးပါ။

ကြက်သွန်ဖြူ/နံနံပင်အမြစ်/ငရုတ်ကောင်း/စပါးလင်တို့ကို အနည်းငယ်ထောင်းပြီး အိုးထဲထည့်ပါ။ ပြီးရင် ကြက်သားကိုထည့်ပြီး ကြက်သားမြုပ်လောက်ရေထည့်ပြီး အလယ်အလတ်မီးဖြင့် မီးခန့်အေးအေးနဲ့ ပြုတ်ပါ။ (မီးပြင်းလွန်းရင် ကြက်သားအရေခွံကွာကျနိုင်ပါတယ်)။ ပြုတ်နေရင်း ကြက်အရေခွံပေါ်ကို ပြုတ်ရည်ခဏခဏခပ်လောင်းပေးပါ။ ကြက်သားနူးအိလာသည်အထိ ၄၅ မီးနစ်ခန့် ပြုတ်ရပါသည်။ ပြီးရင် ပန်းကန်ထဲထည့်ပြီးမှ ကြက်သားကို အနည်းငယ်မွှန်းပေးပြီး အရေခွံအစိုဓာတ်ရစေရန် ကြက်ပြုတ်ရည်ဖြင့် လောင်းပေးပါ။

အလွယ်ကူဆုံး အချဥ်ရည်လုပ်နည်း လျှို့ဝှက်ချက်.......
ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုထောင်းပါ။ သံပရာရည်/သကြားအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်ပါ။ အရသာမပြည့်စုံရင် အရသာမှုန့်အနည်းငယ်ထပ်ထည့်ပါ။ ပြီးရင် ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပြီး ရောစပ်လိုက်ရင် အရသာရှိတဲ့အချဉ်ရည် ရပါပြီး.......။ 😜

အရသာရှိစွာ ခံစားနိုင်ကြပါစေ..........!
credit...

image