ဂျပန်က ဖိလစ်ပိုင်သို တစ်ပတ်ရစ်ဖျက်သင်္ဘောများတင်ပိုပေးမည်
ဂျပန်နိုင်ငံက ဖိလစ်ပိုင်သို့ တစ်ပတ်ရစ်ဖျက်သင်္ဘောများကို တင်ပို့ပေးသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဇူလိုင်လ ၆ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ တင်ပို့မှုအစီအစဉ်တွင် ဂျပန်ရေကြောင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့က ဆယ်စုနှစ်သုံးခုကြာအသုံးပြုထားသည့် Abukuma အတန်းအစား ဖျက်သင်္ဘော ခြောက်စင်းပါဝင်ကြောင်း အမည်မဖော်လိုသူ အစိုးရအရင်းအမြစ်များ၏ပြောဆိုချက်ကို ကိုးကား၍ သတင်းစာ က ဖော်ပြထားသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနာကာတာနီနှင့် ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး ဂီဘာတို တီယိုဒိုရို တို့က ပြီးခဲ့သည့်လတွင် စင်ကာပူနိုင်ငံ၌တွေ့ဆုံစဉ် အဆိုပါ ဖျက်သင်္ဘောများတင်ပို့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်အရ နောက်ဆုံးပြင်ဆင်မှုတစ်ခုအဖြစ် တင်ပို့မည့် ဖျက်သင်္ဘောများကို ဖိလစ်ပိုင် တပ်မတော် က စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yomiuri သတင်းစာက ဆက်လက် ဖော်ပြထားသည်။
ထိုနှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန် လည်း ပါဝင်သည်ဟု RTA သတင်းဌာန ဖော်ပြချက်အရ သိရသည်။
