#ပြည်တွင်းသတင်း
◼စမတ်ကတ်ပြုလုပ်ထုတ်ပေးခြင်းကို ပြန်လည်ဆောင်ရွက်ပေးနေ
မြို့နယ်အသီးသီးတွင်ပြုလုပ်ပေးနေသည့်စမတ်ကတ် (Unique Identity Number-UID) ထုတ်ပေးခြင်းကို ယနေ့(ဇူလိုင် ၇ ရက်)မှစတင်ကာ သက်ဆိုင်ရာမြို့နယ်များတွင် ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများအဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရန်ဟုဆိုကာ Server Maintenance လုပ်ငန်းဆောင်ရွက်ရန် ယခုလဇူလိုင် ၄ ရက်တွင် ယာယီရပ်နားထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Server Maintenance လုပ်ငန်းများကို ရုံးပိတ်ရက်တွင်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ UID နံပါတ်လျှောက်ထားရယူလိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - e - ID Department
