🥥 ဆေးဖက်ဝင် ပေါက်ပန်းဖြူ အုန်းရည်စိမ်🥥
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ.......
* ပေါက်ပန်းဖြူပန်း - ကီလိုဝက်
* သကြား - ထမင်းစားဇွန်း ၁ ဇွန်း
* ဆား - ၂၀၀ ဂရမ်
* ဆန်ဆေးရည် - ၄၅၀ မီလီလီတာ
* အုန်းရည် - ၂၀၀ မီလီလီတာ
စိမ်နည်း........
▪️ ပေါက်ပန်းဖြူများကို သေချာစွာ ဆေးကြောပါ။ ခါးသက်ခြင်း မဖြစ်စေရန် အလယ်ရှိ အဖူးဆံများကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ရေစစ် ထားပါ။
▪️ ထို့နောက် ကျန်ရှိသော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပြီး သန့်ရှင်းခြောက်သွေ့သော ဖန်ပုလင်းထဲ ထည့်ပါ။
▪️ အဖုံးကို လုံအောင်ပိတ်ပြီး နေပူထဲတွင် ၂-၃ ရက်လောက် နေပူလှန်းထားပါ။ ထိုအခါ ချို၊ ချဉ်၊ ငန်ပြီး အုန်းနံ့သင်းတဲ့ ပေါက်ပန်းဖြူ အုန်းရည်စိမ်ကို သုံးဆောင်နိုင်ပါပြီ......။
🍴 သုံးဆောင်နည်း......
* ထမင်းဖြူနှင့် တွဲဖက်စားသုံးနိုင်ပါသည်။
* ငပိရည်ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါသည်။
* အချဉ်ဖတ်အစား သရေစာအဖြစ် စားသုံးနိုင်ပါသည်။
🌿 ပေါက်ပန်းဖြူ၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
* ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။
* မျက်စိအားကောင်းစေသည်။
* ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးသည်။
* အေးမြသော သတ္တိရှိပြီး ခန္ဓာကိုယ်အပူကို လျှော့ချပေးသည်။
Credit..
