ပဒဲကောတစ်ပြား ဝါးစားရုံနဲ့ လေထိုး၊ လေအောင့်၊ လေပွတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ပါ ပေါ့ပါးသွားစေပါတယ်။  
 
လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေထိုးတာ၊ ရင်ဘတ်အောင့်တာမျိုး ခံစားရရင် ပဒဲကောအစိမ်းတစ်ခြမ်းကို ပါးပါးလှီးပြီး ဝါးစားတာ၊ ဒါမှမဟုတ် ပဒဲကောပြုတ်ရည်နွေးနွေးလေးကို သောက်ပေးတာတွေ လုပ်ပေးပါ။ မိနစ်အနည်းငယ်အတွင်း ဗိုက်ထဲမှာ လေတွေရှင်းပြီး ပေါ့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ မီးဖိုချောင်ထဲမှာ လွယ်လွယ်ကူကူ ရနိုင်ပေမယ့် လူတော်တော်များများ သတိမထားမိကြတဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ 
 
ပဒဲကောတစ်ပြားတည်းနဲ့ အကျိုးကျေးဇူးများစွာ......... 
၁။ ဗိုက်ထဲကလေတွေကို ဖယ်ရှားပေးခြင်း...။ 
     ပဒဲကောအစိမ်းဝါးစားတာ ဒါမှမဟုတ် ပဒဲကောပြုတ် 
     ရည်သောက်တာက ဗိုက်ပွတာ၊ လေပြည့်တာတွေကို 
     သက်သာစေပါတယ်။ 
၂။ ဗိုက်ပြည့်တင်း၊ ရင်ပြည့်၊ လေပွတာကို လျှော့ချပေးခြင်း။ 
    အစာအများကြီးစားပြီးနောက်မှာ ပဒဲကောဥကို သကြားလုံး 
    အစားဝါးစားပေးတာက မြန်မြန်သက်သာစေပါတယ်။ 
၃။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း...။ 
    အထူးသဖြင့် အဆီများတဲ့အစားအစာတွေ ဒါမှမဟုတ် 
    အကြော်အလှော်တွေ စားပြီးနောက်မှာ အထူးသင့်တော်ပါ 
    တယ်။ (အစာခြေစနစ်ကို အထူးကောင်းမွန်စေတယ်။) 
၄။ ချွေးထွက်စေပြီး ခန္ဓာကိုယ်မှ အအေးဓာတ်ကို 
    ဖယ်ရှားပေးခြင်း...။ 
    လက်ဖျား၊ ခြေဖျားအေးတတ်သူတွေအတွက် အထူး 
    သင့်တော်ပါတယ်။ 
၅။ သလိပ်လျှော့ချပေးပြီး အသံဝင်တာ၊ ချောင်းဆိုးတာကို 
    သက်သာစေခြင်း...။ 
    ညအိပ်ရာမဝင်ခင် ဒါမှမဟုတ် မနက်အိပ်ရာနိုးတဲ့အခါ 
    ပဒဲကောဥပြုတ်ရည်နွေးနွေးလေးကို သောက်ပေးပါ။ 
၆။ ပျို့အန်ခြင်း၊ ကားမူးခြင်း၊ လှေမူးခြင်း...။ 
    ပဒဲကောဥအစိမ်းကို ဆောင်ထားပြီး ဝါးစားတာ ဒါမှမဟုတ် 
    အနံ့ကိုရှူပေးတာက အများကြီး အထောက်အကူပြုပါတယ်။ 
၇။ အချဉ်ဖောက်ထားတဲ့အစားအစာတွေကြောင့် ဖြစ်တက်တဲ့  
    ခံတွင်းနံ့နဲ့ ကိုယ်နံ့ဆိုးခြင်း...။ 
    ပဒဲကောက အနံ့ဆိုးတွေကို ဖုံးအုပ်ပေးပြီး ခံတွင်းကို 
    မွှေးကြိုင်လန်းဆန်းစေပါတယ်။ 
 
"ပဒဲကောပြုတ်ရည်" ပြုလုပ်နည်း လွယ်ကူသောနည်းလမ်း... 
ပါဝင်ပစ္စည်းများ...... 
 * ပဒဲကောဥအစိမ်း ၁ ဥ 
 * ရေ ၂-၃ ဖန်ခွက် 
 * ဆွမ်းမွှေးရွက် လက် ၁ ဆုပ် (ရှိလျှင်) 
 * သံပုရာသီး ၁ စိတ် (သောက်ခါနီးမှ ထည့်ရန်) 
 
ပြုလုပ်နည်း....... 
၁။ ပဒဲကောကို သန့်စင်အောင်ဆေးကြောပြီး ပါးပါးလှီးပါ။ 
၂။ ရေကိုဆူအောင်တည်ပြီး ပဒဲကောနဲ့ ဆွမ်းမွှေးရွက်ကို 
     ထည့်ပါ။ 
၃။ မီးအေးအေးနဲ့ ၁၀-၁၅ မိနစ်ခန့် တည်ပါ။ 
၄။ နွေးနွေးလေး သောက်ပေးပါ။ သံပုရာသီးညှစ်ထည့်ပြီး 
     သောက်ပေးရင်လည်း ပိုမိုလန်းဆန်းစေပါတယ်။ 
 
👉 ပဒဲကောကို အစိမ်းဝါးစားလို့လည်းရပါတယ်။ ပဒဲကောကို ပါးပါးလှီးပြီး ရေနွေးထဲခဏစိမ်ထားကာ အစာစားပြီးနောက် ဝါးစားပေးရင်လည်း အများကြီး အထောက်အကူပြုပါတယ်။ 
 
credit..
 
         
 
		  
		 
		 
		 
                