ဘယ်သူကထင်ထားမှာလဲ...? ဒန့်ဒလွန်ရွက်က လူတွေအတွက် ဒီလောက်အကျိုးပြုတယ်ဆိုတာ.......။ 
 
🌿 ဒန့်ဒလွန်ရွက်ရဲ့ အကျိုးကျေးဇူး ၁၅ ချက်....... 
၁။ ✅ မျက်လုံးကို အားကောင်းစေတယ်...။ 
→ ဒန့်ဒလွန်ရွက်တွင် ဗီတာမင်အေဓာတ် မြင့်မားစွာပါဝင်တာ 
    ကြောင့် မျက်လုံးကို ကာကွယ်ပေးပြီး သက်ကြီးပိုင်းများ 
    တွင် ဖြစ်တတ်သော မျက်စိရောဂါများ ဖြစ်ပွားနိုင်ခြေကို 
    လျှော့ချပေးသည်။ 
၂။ ✅ ကိုယ်ခံအားမြှင့်တင်ပေးတယ်...။ 
→ ၎င်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင်စီ 
     ဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သန်မာစေသည်။ 
၃။ ✅ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတယ်...။ 
→ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရန် လိုအပ်သူများအ 
    တွက် ရိုးရာဆေးနည်းများတွင် အသုံးပြုလေ့ရှိသည်။ 
၄။ ✅ ဦးနှောက်နှင့် အာရုံကြောစနစ်ကို အားဖြည့်ပေးတယ်.။ 
→ ဒန့်ဒလွန်ရွက်ရှိ ဗီတာမင်ဘီအုပ်စုသည် ဦးနှောက်ကို 
     ကြည်လင်စေရန် ကူညီပေးသည်။ 
၅။ ✅ အစာခြေစနစ်ကို ကောင်းမွန်စေတယ်...။ 
→ ဒန့်ဒလွန်ရွက်ရှိ အမျှင်ဓာတ်သည် အစာခြေစနစ်နှင့် 
    အညစ်အကြေးစွန့်စနစ်ကို လှုံ့ဆော်ပေးသည်။ 
၆။ ✅ အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျှော့ချပေးတယ်..။ 
→ ကိုက်ခဲခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကို 
     သက်သာစေရန် ဒန့်ဒလွန်ရွက်ကို ပြုတ်၍ နွေးနွေးလေး 
     သောက်သုံးလေ့ရှိသည်။ 
၇။ ✅ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးတယ်...။ 
→ ၎င်းသည် အဆီမပါဝင်သော ဟင်းသီးဟင်းရွက်ဖြစ်ပြီး  
     မကောင်းသောအဆီများ စုပုံခြင်းကို လျှော့ချပေးသည်။ 
၈။ ✅ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေတယ်...။ 
→ အချို့သော ရိုးရာဆေးကျမ်းများတွင် အနားယူရန်အတွက် 
    စိတ်ကိုပြေလျော့စေဖို့ အိပ်ရာမဝင်ခင် ဒန့်ဒလွန်ရွက်ကို 
    ပြုတ်၍ သောက်သုံးသည်ဟု ဆိုသည်။ 
၉။ ✅ သွေ;ဆုံ:ပြီး အမျိုးသမီးများအတွက် ကောင်းမွန်တယ်။ 
→ ခန္ဓာကိုယ်ရှိ ဟော်မုန်းများကို ချိန်ညှိပေးသည့် ဓာတ်ပစ္စည်း 
    များ ပါဝင်သည်။ 
၁၀။ ✅ သွေ:အားကောင်းစေတယ်...။ 
→ သံဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်က သွေးနီဥဆဲလ်များ 
    ကို ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် ကူညီပေးသည်။ 
၁၁။ ✅ အနာကျက်မြန်စေတယ်...။ 
→ ၎င်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အနာများကို 
     သဘာဝအတိုင်း ကျက်စေရန် ကူညီပေးသည်။ 
၁၂။ ✅ သွေးတိုးကို လျှော့ချပေးတယ်...။ 
→ သွေးကြောများကို ကျယ်စေသည့် အာနိသင်ရှိပြီး သွေး 
     လည်ပတ်မှုကို ကောင်းမွန်စေသည်။ 
၁၃။ ✅ ဂေါက်ရောဂါရှိသူများအတွက် ကောင်းမွန်တယ်...။ 
→ အချို့သူများသည် ယူရစ်အက်ဆစ်ကို လျှော့ချရန်အ 
    တွက် ဒန့်ဒလွန်ရွက်ကို အစားအစာတွင် ထည့်သွင်းအသုံး 
    ပြုကြသည်။ 
၁၄။ ✅ ဘက်တီးရီးယားအချို့ကို တိုက်ဖျက်နိုင်တယ်...။ 
→ အရွက်စိမ်း သို့မဟုတ် အရည်ညှစ်ထားသော ဒန့်ဒလွန်ရွက် 
     သည် ဘက်တီးရီးယားအချို့ကို တားဆီးပေးနိုင်ပါသည်။ 
၁၅။ ✅ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ် 
→ ၎င်းသည် ထိုင်းရိုးရာဆေးကျမ်းများတွင် ရေပန်းစားသော 
    အဆိ'ပ်ထုတ်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။ 
 
Credit...
 
         
 
		  
		 
		 
		 
		 
                