7 ပတ် - ဘာသာပြန်ပါ။

မင်းကွတ်သီးအချိန်ဆိုတော့ အားလုံးသတိထားဆင်ခြင်နိုင်အောင်လို့ပါ
******************

နေ့ခင်းက အမျိုးသားနဲ့ကျွန်မ မင်းကွတ်သီးစားကြတယ် သူက ချောင်းဆိုးနေတော့ သတိမထားမိဘဲ
မိနစ် ၂၀လောက်နေတော့ ပုံထဲက ငုံဆေးလေးငုံလိုက်တယ်

ခဏနေကြ အသက်ရှုကြပ်လာတယ် နှလုံးခုန်မြန်လာတယ် မျက်စိတွေပြာနေပြီ မိန်းမရေတဲ့ပြောရော အာ့နဲ့ကိုယ်လည်း အစားမှားတာ အဆိပ်ဖြေဆေး(အစာဖြေဆေး)သောက်ခိုင်းလိုက်တာ အာ့သောက်ပြီး ခြေဖျားလက်ဖျားတွေအေး ချွေးသီးတွေပြန် လူကလဲတော့မယ်မရတော့ဘူး ဆရာဝန်ခေါ်ပေးပါတဲ့

ဆိုင်မှာဗီနိုင်းထုတ်နေကျဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးလိုက်တာပေါ့ ကိုယ်လည်းအခန်းထဲကလေးသိပ်နေတာဆိုတော့ ဆရာဝန်လာလိမ့်မယ်စောင့်နေလို့ပြောလိုက်တာ ဗီနိုင်းစက်နားလေးသတိလစ်နေတာတဲ့

ဆရာဝန်ရောက်လာတော့ သွေးပေါင်ချိန်တွေအရမ်းကျနေတယ် လူကခေါ်မရလို့ အစ်ကိုရေသတိထားအုံးဆိုပြီး ရင်ဘတ်ထုပြီးလှုပ်ရတယ် ပြာပြာသလဲတွေဖြစ်ကုန်ရော ရင်ဘတ်ကိုထုလိုက် လူကိုလှုပ်လိုက်နဲ့ သတိရှိအောင်လုပ်နေပေးရတယ် ဆေးထိုးပါမယ်ဆိုအကြောကရှာမရဘူး အာ့နဲ့အရေးပေါ်အသက်ကယ်ဆေး တင်ပါးကိုထိုးပေးတော့မှ မျက်လုံးဖွင့်လာတယ် အစ်ကိုရေသတိလေးထားနော် သတိလစ်သွားမှာစိုးလို့လို့ပြောရင်း အစာအဆိပ်ဖြေဆေးထိုးပေးနေတာ

လက်ကနေ ဆေး၂လုံးထိုးပြီး အခန်းထဲတွဲထူပေးပြီးတော့မှ ဆလိုင်းချိတ်ပေးလို့ရတယ် ဆလိုင်းချိတ်နေတဲ့ထိ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလို့ နောက်ထပ်အသက်ကယ်ဆေးထပ်ထိုးပေးရတယ် အဲ့တော့မှ လုံးဝသတိလည်လာပြီး စကားထပြောတော့တယ်

မင်းကွတ်သီးနဲ့ငုံဆေးထဲပါတဲ့ပါဝင်ပစ္စည်းတစ်မျိုးမျိုးနဲ့ဓာတ်မတည့်လို့ ရှော့ခ်ဖြစ်တာတဲ့ နှလုံးခုန်အရမ်းမြန်သွေးပေါင်တွေထိုးကျပြီး ဦးနှောက်ကို သွေးလည်ပတ်မှုမရှိဘဲ သတိပါလစ်သွားခဲ့တာ အသက်ရှုကြပ်အောက်ဆီဂျင်ပါပြတ်သွားသလိုဖြစ်သွားတာ

ဆရာဝန်လည်းလုံးဝကိုပြာယာခတ် ကိုယ်တွေလည်းဂယက်တွေကိုဖြစ်သွားတာ အစားလေးတစ်လုတ်ကြောင့်နဲ့ အစားမတော်တစ်လုတ်ဆိုတာ တကယ်မှန်တာပဲ

ဆရာဝန်သာ စောစောရောက်မလာရင်ဖြစ်ဖြစ် ဆေးခန်းသွားမယ်ဆိုပြီး မီနီအိုးဝေငှားမယ်ဆိုလည်း အချိန်ကနောက်ကျအုံးမှာ ပြန်တွေးတိုင်း ဘယ်လိုကြောက်မှန်းကိုမသိဘူးအခြေနေတွေက ခဏလေးအတွင်းကို

image