1 w - Translate

ဖတ်မိစေချင်ပါတယ် မိတ်ဆွေတို့ရေ...
ပြီးဆုံးရင် အဖြေတစ်ခုတော့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်..
#သင်္ခါရဘဝ

" Respect #လေးစားခြင်း "

နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက
ဒီလိုပြောဖူးပါတယ်။

" သူများတွေ ကျွန်တော့်ကို လေးစားတယ်ဆိုတာ...
ကျွန်တော် ထူးချွန်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။

- နောက်မှ နားလည်လာတာက
သူများတွေ ကျွန်တော့်ကိုလေးစားတယ်ဆိုတာဟာ
သူတို့ထူးချွန်ကြတဲ့အတွက်ကြောင့် ကျွန်တော့်အား လေးစားခြင်းပါ " တဲ့။

_ မှန်ပါတယ်။ ထူးချွန်တဲ့သူများဟာ
လူတိုင်းကို လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။

- အထက်ကလူကို လေးစားခြင်းဟာ
တာဝန်ကို ပိုမိုသိတတ်စေပါတယ်။

- လုပ်ဖော်ကိုင်ဘက်ကို လေးစားခြင်းဟာ
အလုပ်ကို ပိုမို အဆင်ပြေစေပါတယ်။

- အောက်လက်ငယ်သားကို လေးစားခြင်းဟာ
စီမံခန့်ခွဲမူမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။

- စားသုံးသူကို လေးစားခြင်းဟာ
အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။

- ပြိုင်ဘက်ကို လေးစားခြင်းဟာ
သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။

- တော်တဲ့လူကို လေးစားခြင်းဟာ
အသိအမှတ်ပြုခြင်းကြောင့် ဖြစ်တယ်။

- အားနည်းသူကို လေးစားခြင်းဟာ
စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။

- ဆရာသမားကို လေးစားခြင်းဟာ
ပညာရဲ့တန်ဖိုးကို သိရှိခြင်းကြောင့် ဖြစ်တယ်။

- နောင်မျိုးဆက်ကိုလေးစားခြင်းဟာ
လောကကို ပိုမိုကောင်းမွန်စေချင်တာကြောင့် ဖြစ်တယ်။

- မိသားစုဝင်ကို လေးစားခြင်းဟာ
သာယာတဲ့ မိသားစု ပိုင်ဆိုင်လိုတာကြောင့် ဖြစ်တယ်။

- မိတ်ဆွေကို လေးစားခြင်းဟာ
ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်ဖြစ်တယ်။

- လူတိုင်း လူတိုင်းကို လေးစားတတ်ခြင်းဟာ
လူ့ကျင့်ဝတ်ကို နားလည်ခြင်းကြောင့် ဖြစ်ပါတယ်။

- လူသားတိုင်း လူသားတိုင်းကို လေးစားနိုင်ကြပါစေ။

.........................................
သူတပါးကိုလေးစားခြင်းဟာ...
မိမိကိုယ်ကို မိမိတန်ဖိုးမြှင့်တင်ခြင်းမို့ ...
လေးစားစွာဖြင့် ~ ☕
#ℂ?????_
#ဘဝအတွက်စာပေ
#ဘဝပေးတဲ့သင်ခန်းစာ
#အသိပညာရရှိဖို့ရည်ရွယ်ပါသည်
#တန်ဖိုးရှိအောင်နေရမှာကကိုယ့်တာဝန်ဖြစ်တယ်❤❤
👇✔︎👇✔︎👇✔︎👇✔︎👇✍
လေးစားစွာCrdပေးပါသည်"

image