1 w - Translate

ဒီတစ်ခေါက်မှာတော့ အရင်မျိုးဆက်တွေရဲ့ အမှတ်အသားဖြစ်တဲ့ Glyph မီးလုံးတွေအစား Glyph Matrix လို့ခေါ်တဲ့ အသစ်စက်စက် dot-matrix screen သေးသေးလေးကို ဖုန်းရဲ့ကျောဘက်မှာ ထည့်သွင်းပေးလိုက်ပါပြီ။

Glyph Matrix ရဲ့ထူးခြားချက်များ

-LED မီးလုံးပေါင်း ၄၈၉ လုံးနဲ့ ပြုလုပ်ထားပြီး ရိုးရိုးမီးလုံးတွေထက် ပိုအသုံးဝင်ပါတယ်။
-ရာသီဥတု၊ ဘက်ထရီပမာဏ၊ stopwatch လိုမျိုး widget တွေ ပြပေးနိုင်တယ်။
-Contact တစ်ခုချင်းစီအတွက် ကိုယ်ပိုင်ပုံလေးတွေ (monochromatic images) ထားပြီး notification ပြပေးနိုင်တယ်။
-Spin the Bottle နဲ့ Rock-Paper-Scissors လိုမျိုး ဂိမ်းအသေးစားလေးတွေတောင် ကစားလို့ရပါသေးတယ်။
-Developer တွေအနေနဲ့ ကိုယ်ပိုင် widget နဲ့ game တွေဖန်တီးနိုင်ဖို့ SDK ကိုလည်း Nothing က ထုတ်ပေးသွားမှာပါ။

ကင်မရာပိုင်း အဆင့်မြှင့်တင်မှု

Nothing Phone (3) မှာ ရှေ့နောက်ကင်မရာအားလုံးကို 50MP sensor တွေနဲ့ပဲ အဓိကအသုံးပြုထားပါတယ်။

-ကျောဘက်ကင်မရာ : 50MP Main Camera, 50MP Ultrawide Camera နဲ့ 3x optical zoom, 60x AI Super Res Zoom ပါဝင်တဲ့ 50MP Periscope Telephoto Camera ဆိုပြီး ကင်မရာ ၃ လုံးပါဝင်ပါတယ်။
-ရှေ့ကင်မရာ : 50MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

စွမ်းဆောင်ရည်နှင့် အခြားအချက်အလက်များ:

-Design : New York မြို့ရဲ့ မြေအောက်ရထားလိုင်းမြေပုံကို inspiration ယူထားပြီး Nothing Phone (2) ထက် 18% ပိုပါးလွှာပါတယ်။
-Processor : Snapdragon 8s Gen 4 ကို အသုံးပြုထားပါတယ်။
-Display : 6.67-inch အရွယ်အစားရှိပြီး 1.5K resolution နဲ့ 120Hz refresh rate ပါဝင်တဲ့ AMOLED display ဖြစ်ပါတယ်။
-Battery : 5,150mAh silicon-carbon battery ပါဝင်ပြီး 65W fast charging နဲ့ 15W wireless charging ကို support လုပ်ပါတယ်။
-Software : Android 15 ကို အခြေခံထားတဲ့ Nothing OS 3.5 နဲ့ ထွက်ရှိလာမှာပါ။

ဈေးနှုန်းနှင့် ရောင်းချမည့်အစီအစဉ်

Nothing Phone (3) ကို အဖြူနဲ့ အနက် ၂ ရောင် ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့

-12GB RAM + 256GB Storage မော်ဒယ်ကို $799
-16GB RAM + 512GB Storage မော်ဒယ်ကို $899 ကျသင့်မှာဖြစ်ပါတယ်။

July 4 ရက်နေ့မှာ Pre-order စတင်လက်ခံမှာဖြစ်ပြီး July 15 ရက်နေ့မှာ တရားဝင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

image