ဖြစ်နိုင်ရင် ချမ်းသာချင်တယ်...
ငွေမရှိလို့မျက်နှာငယ်ခဲ့ရတဲ့အချိန်တွေ
စားစရာမရှိလို့ ရေသောက်
ဗိုက်မှောက်ခဲ့ရတဲ့အနပ်တွေ
သူဆင်းရဲမို့ဝိုင်းအပယ်ခံခဲ့ရတဲ့ရက်တွေ
စေတနာထားပေမယ့်ထားလို့မရခဲ့တဲ့လူတွေ
မိသားစုရဲ့လိုအပ်ချက်ကို
ဖြည့်ဆည်း မပေးနိုင်တဲ့ အကြိမ်တွေ
သည်းခံပေမယ့် ရောက်တက်လာတဲ့လူတွေ
ဒီဟာတွေအကုန်လုံးက
ချမ်းသာခြင်းမရှိတဲ့ဆင်းရဲခြင်းတွေပါဘဲ...
ဖြစ်နိုင်ရင်ပေါ့
ဘဝမှာတစ်ခါလောက်တော့ချမ်းသာချင်ပါတယ်...💨