Alaska ပြည်နယ်ထဲက Whittier ဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ နေထိုင်သူ ၂၁၇ ဦးဟာ Begich Towers လို့ လူသိများတဲ့ ၁၄ ထပ် အဆောက်အအုံတစ်ခုတည်းမှာသာ နေထိုင်ကြပါတယ် မူလက အဲ့ဒီအဆောက်အဦးကိုဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါမှာတော့ ၎င်းအဆောက်အအုံဟာကိုယ်ပိုင်မြို့ငယ်လေးတစ်ခုအဖြစ်ရှိနေပါတယ်
ထူးခြားတာက အဲ့ဒီအဆောက်အဦးထဲမှာ စာသင်ကျောင်း၊ ကုန်စုံဆိုင်၊ စာတိုက်၊ ဘုရားကျောင်း၊ ဆေးရုံ နဲ့ ရဲစခန်းတွေပါရှိပါတယ် ဒါကြောင့် နှင်းထဲကို ခြေတစ်လှမ်းမျှ လှမ်းစရာမလိုဘဲ ဓာတ်လှေကား တစ်ခုထဲနဲ့ အဲ့ဒီနေရာတွေကို သွားနိုင်ပါတယ်
#knowledge #ဗဟုသုတ